ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားမည်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားမည်

မြောက်ဦးမြို့ မြတန်ဆောင်းဘုန်းတော်ကြီးကျောင်းတွင် ဒီဇင်ဘာလ ၃၁ ရက်နေ့က ဆရာ ကန်တော့ပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပမည့် အစီအစဉ်ကို လုံခြုံရေးအရဟုဆိုကာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အမိန့်ညွှန်ကြားချက်ဖြင့် သက်ဆိုင်ရာအာဏာပိုင်များက လာရောက်တားမြစ်သောကြောင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားသွားမည်ဟု မြတန်ဆောင်းဆရာတော် ဦးနန္ဒသာရက မိန့်သည်။

အဆိုပါပွဲတွင် နိုင်ငံရေး၊ တော်လှန်ရေးများနှင့် တစ်စုံတစ်ရာဆက်စပ်မှုမရှိဘဲ ကလေးငယ်များ၏ ပညာရေးနှင့် အခွင့်အရေးကို လာရောက်ပိတ်ပင် တားမြစ်ခြင်းဖြစ်သောကြောင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားသွားမည်ဖြစ်သည်ဟု မြတန်ဆောင်းဆရာတော် ဦးနန္ဒသာရ က ဆက်လက်မိန့်ကြားသည်။

“သူတို့(ဒေသအာဏာပိုင်တွေ)က ပြည်နယ်အစိုးရအမိန့်ကြောင့်လို့ ပြောတယ်။ ဒါကြောင့် လူ့အခွင့်ရေးနဲ့ နိုင်ငံသားအခွင့်ရေးကိုချိုးဖောက်တဲ့ ပြည်နယ်အစိုးရကို အရေးယူပေးဖို့တိုင်သွားပါမယ် ” ဟု ဆရာတော်က မိန့်သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့အား လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြားနိုင်ရန်အတွက် ပွဲကျင်းပသည့် နေ့တွင် တားမြစ်ခဲ့သော ဓါတ်ပုံ၊ ဗွီဒီယိုမှတ်တမ်းများကိုရယူထားပြီး လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးရှုထောင့်များမှ တိုင်ကြားသွားမည်ဖြစ်ကြောင်း ဆရာတော်က မိန့်သည်။

မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားမည်ဟု ပြောကြားချက်အပေါ် “မကျေနပ်လျှင် ထုတ်ဖော်ရန် အခွင့်အရေးရှိကြောင်း ”ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

“ဒါကတော့ မကျေနပ်ရင် မကျေနပ်တဲ့အတိုင်း ထုတ်ဖော်ဖို့ အခွင့်ရေးရှိတယ်လေ။ တိုင်မယ်ဆိုလည်း တိုင်ပေါ့။ ဒါမလုပ်သင့်ဘူးလို့ တားမယ့်လူကလည်း တားမှာပဲ ” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့အား လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြားမည့်ရက်ကို အတိအကျမသိရသေးဘဲ မကြာမီအချိန်အတွင်း တိုင်ကြားသွားမည်ဟုသာ မြတန်ဆောင်း ဆရာတော်က မိန့်ဆိုသည်။

ဆရာကန်တော့ပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပမည့်အစီအစဉ်ကို မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များက ပွဲကျင်းပရန် နာရီပိုင်းအလိုတွင် တားမြစ်မှုများရှိခဲ့သော်လည်း အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ကြသည်။ သို့သော် ပွဲကျင်းပမှုကြောင့် တစ်စုံတစ်ရာ အရေးယူရန် အစီအစဉ်မရှိဟု မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက သိရသည်။

၄ ကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - APM
May 11, 2026
ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်သော သက်လူမျိုးများသည် ယခုအခါ အာရက္ခပြည် ထူထောင်ရေး...
May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...