ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကို ပွင့်လင်းမြင်သာစွာ လုပ်ဆောင်နေဟု ဦးညီပုပြော

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကို ပွင့်လင်းမြင်သာစွာ လုပ်ဆောင်နေဟု ဦးညီပုပြော

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကို ပွင့်လင်းမြင်သာစွာ လုပ်ဆောင်နေသည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ဒီဇင်ဘာလ ၃၁ ရက်နေ့က ကျောက်ဖြူမြို့သို့ ရောက်ရှိလာစဉ် ပြောကြားခဲ့သည်။

“ ဒီအခြေအနေတွေကို ချပြဆွေးနွေးတာတွေ လုပ်နေတယ်။ ဒါပေမဲ့ ပထမနှစ်တွေမှာ ဒါတွေဟာ အကောင်အထည် မပေါ်လာနိုင်သေးဘူး။ အခုဒီနှစ်ပိုင်းမှာ စာချုပ်ချုပ်တဲ့အပိုင်း ဖြစ်လာတယ်။ အဲဒီအနေအထားတွေမှာလည်းပဲ တစ်လျှောက်လုံးမှာ ပြည်သူတွေကို ချပြနေတာရှိတာပဲ။ အဲဒီတော့ပွင့်လင်းမြင်သာမှု မရှိဘူးဆိုတာတော့ မဟုတ်ဘူး။ ဒီထက်လည်း ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ဆက်ပြီးလုပ်သွားမယ်။ အခုက အစပိုင်းပဲရှိသေးတာကို။ သဘောတူညီချက် လုပ်တာလောက်ပဲ ရှိသေးတာကို” ဟု ဦးညီပုက ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းက အကျိုးအမြတ်အနေဖြင့် တရုတ်နိုင်ငံပိုင် CITIC ကုမ္ပဏီမှ ရှယ်ယာ(၇၀)ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံမှ ရှယ်ယာ(၃၀)ရာခိုင်နှုန်း ရရှိမည်ဖြစ်သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်သည် ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်နှင့် မာန်အောင်မြို့နယ်တို့တွင် တည်ဆောက်မည်ဖြစ်ကာ စီမံကိန်းများအနေဖြင့် ရေနက်ဆိပ်ကမ်းစီမံကိန်း၊ စက်မှုစီမံကိန်းနှင့် အဆင့်မြင့်အိမ်ရာ၊ စီးပွားရေးစီမံကိန်းများ ပါဝင်ပြီး ၄၂၈၉ .၃၂ ဧကမှာ အကောင်အထည်ဖော်မည်ဖြစ်သည်။

ယင်းစီမံကိန်းကို ထောက်ခံသူများလည်းရှိပြီး ကန့်ကွက်သူများလည်း ရှိနေသည်။ စက်မှုလုပ်ငန်းများကြောင့် ပတ်ဝန်းကျင်ဒေသခံများ၏ ကျန်းမာရေးကို ဆိုးရွားစေနိုင်ခြင်း၊ ဘိုးစဉ်ဘောင်ဆက် အတည်တကျ နေထိုင်လာခဲ့သော လူမှုပတ်ဝန်းကျင်များ ပျက်စီးမည်ကို စိုးရိမ်ပူပန်သောကြောင့်  ချက်ချင်းရပ်တန့်ရန် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ဒေသခံများ တောင်းဆိုခဲ့ကြသည်။

၄ ကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - APM
May 11, 2026
ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်သော သက်လူမျိုးများသည် ယခုအခါ အာရက္ခပြည် ထူထောင်ရေး...
May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...