တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် မကွေးတိုင်းရှိ ဝန်ထမ်းအိမ်ရာ ၁၀ လုံး ဆောက်လုပ်ပေးထား

တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် မကွေးတိုင်းရှိ ဝန်ထမ်းအိမ်ရာ ၁၀ လုံး ဆောက်လုပ်ပေးထား

မကွေးတိုင်းဒေသကြီးအတွင်း ဝန်ထမ်းများသက်သာချောင်ချိရေးအတွက်၂၀၁၈ ခုနှစ်အထိ တိုင်းဒေသကြီးဘတ်ဂျက်ငွေ ကျပ်သန်း ၆၀၀၀ ကျော်ဖြင့် ဝန်ထမ်းအိမ်ရာ ၁၀ လုံး ဆောက်လုပ်ပေးခဲ့ကြောင်း မကွေးတိုင်းဒေသကြီး၊မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် ဝန်ထမ်း အိမ်ရာ ၁၀ လုံးကို မကွေးမြို့တွင်(၄)လုံး၊ရေနံချောင်းမြို့၊ချောက်မြို့၊ပခုက္ကူ မြို့၊တောင်တွင်းကြီးမြို့၊ မင်းဘူးမြို့နှင့်သရက်မြို့တို့တွင် ဝန်ထမ်းအိမ်ယာတစ်လုံးစီ ဆောက်လုပ်ခဲ့ကြောင်း တိုင်းဒေသကြီး၊မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသူရိန်ထံက သိရသည်။

အဆိုပါဆောက်လုပ်ခြင်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ မီနီဘတ်ဂျက်ကာလအတွင်း တိုင်းဒေသကြီး ဘတ်ဂျက်ငွေ ကျပ်သန်း(၆၀၈၅.၆၁၀) ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 အသေးစိတ် ဖော်ပြရလျှင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် မကွေးမြို့တွင် (၈)ခန်းတွဲ (၅)ထပ် ဝန်ထမ်းအိမ်ရာ (၃)လုံး ၊ ကုန်ကျငွေ ကျပ်သန်း(၁၉၀၅)သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် မကွေးမြို့၌ (၈)ခန်းတွဲ (၆)ထပ် ဝန်ထမ်းအိမ်ရာ(၁)လုံး ၊ ကုန်ကျငွေ ကျပ်သန်း(၇၉၀)သန်း၊ချောက်မြို့တွင် (၈)ခန်းတွဲ (၆)ထပ် ဝန်ထမ်းအိမ်ရာ (၁)လုံး ၊ ကုန်ကျငွေ ကျပ်သန်း(၇၈၅)သန်း၊ ရေနံချောင်းမြို့တွင် (၈)ခန်းတွဲ(၆)ထပ် ဝန်ထမ်းအိမ်ရာ (၁)လုံး ကုန်ကျငွေ ကျပ်သန်း (၈၀၃.၈၀၀)သန်း၊ တောင်တွင်းကြီးမြို့တွင် (၈)ခန်းတွဲ (၆)ထပ် ကုန်ကျငွေ ကျပ်သန်း(၈၀၄.၃၀၀)သန်း၊ ၂၀၁၈ မီနီဘတ်ဂျက်ကာလတွင် ပခုက္ကူမြို့တွင် (၈)ခန်းတွဲ (၆)ထပ် ဝန်ထမ်းအိမ်ရာ (၁)လုံး ကုန်ကျငွေ ကျပ်သန်း(၉၁၄.၅၁၀)သန်း၊မင်းဘူးမြို့တွင် (၈)ခန်းတွဲ(၆)ထပ် ကုန်ကျငွေ ကျပ်သန်း (၉၄၀.၅၀၀)သန်း၊ သရက်မြို့တွင် (၈)ခန်းတွဲ (၆)ထပ် ဝန်ထမ်းအိမ်ရာ (၁)လုံး ကုန်ကျငွေ ကျပ်သန်း(၉၄၂.၅၀၀)သန်းဖြင့် ဆောက်လုပ်ခဲ့ကြောင်း သိရသည်။

ဝန်ထမ်းအိမ်ရာ တစ်ခန်းလျှင် (၆၀၂)စတုရန်းပေ ကျယ်ဝန်းပြီး မိသားစုလိုက် နေထိုင်နိုင်ရန် တည်ဆောက်ထားပြီး အဆောက်အဦများတည်ဆောက်ပြီးစီးပါက ဝန်ထမ်းများနေထိုင်ခွင့်ပြုပြီး အရာထမ်းဆိုလျှင် လစာ၏(၅)ရာခိုင်နှူန်း၊ အမှူထမ်းဆိုလျှင် လစာ၏(၃)ရာခိုင်နှူန်း ပေးဆောင်စေမည်ဖြစ်ကြောင်းသိရသည်။

 လက်ရှိ မကွေးမြို့တွင် ၂၀၁၆-၂၀၁ရခုနှစ်က ဆောက်လုပ်ခဲ့သည့် ဝန်ထမ်းအိမ်ရာ ၃ လုံးတွင် ဝန်ထမ်းများထားရှိပြီး အခန်းခ (၁)လလျှင် (၂၀၀၀၀) ကျပ်ဖြင့် ငှားရမ်းထားရှိပြီး လာမည့် ဇန်နဝါရီလ ၄ ရက်နေ့တွင် မင်းဘူးမြို့ရှိ ဝန်ထမ်းအိမ်ရာအား ဖွင့်ပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...