ကျောက်တော်တွင် မြေမြုပ်မိုင်းနင်းမိ၍ လူငယ်တစ်ဦး ဆေးကုသမှုခံယူနေရ

ကျောက်တော်တွင် မြေမြုပ်မိုင်းနင်းမိ၍ လူငယ်တစ်ဦး ဆေးကုသမှုခံယူနေရ

ဒီဇင်ဘာလ ၂၉ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် လိပ်ဖာကျေးရွာမှ ကျောက်တော်မြို့နယ် ကန်စောက် ကျေးရွာသို့ လူငယ်နှစ်ဦးဈေးဝယ်ထွက်လာစဉ် နေ့လည် ၂ နာရီကျော်တွင် ခမောင်းရွာအနီးချောင်းစပ် အရောက်၌ မြေမြုပ်မိုင်းနင်းမိ၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် လူငယ်တစ်ဦးဒဏ်ရာရရှိခဲ့ပြီး ကျောက်တော်ဆေးရုံတွင် ဆေးကု သမှုခံယူနေရကြောင်း ကျောက်တော်မြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းမှ ပြောသည်။

“ခမောင်းကျေးရွာချောင်းစပ်နားမှာ မင်းမင်းဆိုတဲ့လူငယ်က မိုင်းကွဲမှုဒဏ်ကိုခံလိုက်ရတာပါ။ သူ့အကိုက မိုင်းထိခံထားရတဲ့ ညီကိုကျောကုန်းပိုးပြီး ခမောင်ကျေးရွာကို ရောက်လာပါတယ်။ ခြေတွေ လက်တွေမှာ ဒဏ်ရာရရှိသွားတာကို ကျနော်တို့ကိုဆက်သွယ်လာလို့ ကန်စောက်ကားဂိတ်က သွားယူပြီး ကျောက်တော်ဆေးရုံမှာ ဆေးကုသမှုခံနေရပါတယ်” ဟု ၎င်းကပြောသည်။

အဆိုပါလူငယ်အား ညနေ ၇ နာရီခန့်တွင် ကန်စောက်ကျေးရွာမှ ကျောက်တော်ဆေးရုံသို့ ယူဆောင်လာခြင်းဖြစ်ပြီး လိုအပ်သည်များကို ကျောက်တော်ပရဟိတအသင်း ကူညီပေးထားကြောင်း သိရသည်။

ထိုကဲ့သို့ မိုင်းနင်းမိ၍ ဆေးရုံတက်ရောက်နေသည့် မင်းမင်း၊ အသက် ၁၆ နှစ်တွင် လက်နှစ်ဘက်နှင့် ခြေထောက်တစ်ဘက်တို့ မိုင်းထိမှတ်ဒဏ်ရာများရရှိထားပြီး ကိုယ်အင်္ဂါချွတ်ယွင်း ပျက်စီးသွားနိုင်မည့် အခြေအနေမဟုတ်ကြောင်းလည်း ဦးထွန်းဝင်းကဆိုသည်။

၄ ကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - APM
May 11, 2026
ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်သော သက်လူမျိုးများသည် ယခုအခါ အာရက္ခပြည် ထူထောင်ရေး...
May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...