ဥရောပသမဂ္ဂ ကုန်သွယ်မှုအထူးအခွင့်အရေးဆက်လက်ရရှိရန် ညှိနှိုင်းနေ

ဥရောပသမဂ္ဂ ကုန်သွယ်မှုအထူးအခွင့်အရေးဆက်လက်ရရှိရန် ညှိနှိုင်းနေ

ဥရောပသမဂ္ဂ၏ ကုန်သွယ်မှုအထူးအခွင့်အရေး (GSP/EBA) ကို ဆက်လက်ရရှိရန် ရည်ရွယ်ပြီး ဥရောပကော်မ ရှင်၊ ကုန်သွယ်ရေးဌာန (Directorate-General For Trade) နှင့် အလုပ်အကိုင်နှင့် လူမှုရေးရာဌာန (Directorate-General For Employment, Social Affairs and Inclusion)တို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။

"GSP ကိုဆက်လက်ရရှိထားနိုင်ဖို့ပဲ ရည်ရွယ်တာပါ။ တကယ်တော့ ကိုယ်ဘက်က လုပ်သင့်တယ်ထင်တဲ့ကိစ္စ တွေကိုလုပ်ခဲ့ကြတာပါ။ ဒါပေမယ့် သူက Process ဖြစ်တဲ့အခါကျတော့ တစ်ဖက်မှာလည်း ဒါတွေအတွက် Process လုပ်နေကြမယ်လို့ထင်ပါတယ်။ ဘာမှတော့ အဖြေမရသေးပါဘူး" ဟု ကုန်သည်စက်မှုအသင်းချုပ်မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် ကပြောသည်။

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံ၏ လတ်တလော ဖြစ်ပေါ်နေသော ကိစ္စရပ်များကို အခြေခံကာ မြန်မာနိုင်ငံကို ခွင့်ပြုထားသည့် (GSP/EBA) အခွင့်အရေးကို လေ့လာသုံးသပ်မှုများပြုလုပ်နေကြောင်း သိရသည်။ မကြာ သေးမီက အီးယူ ကုန်သွယ်မှုအခွင့်အရေး စိစစ်လေ့လာရေးအဖွဲ့သည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပေးအပ်ထားသော GSP ကို ပြန်လည်သုံး သပ်နိုင်ရန် လာရောက် ခဲ့ကြကြောင်း သိရသည်။

ဥရောပသမဂ္ဂသည် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံကို GSP အခွင့်အရေးပြန်လည်ပေးအပ်ခဲ့ပြီး ဥရောပသမဂ္ဂ၏ စျေးကွက်အတွင်းသို့ တင်ပို့လာသည့် မြန်မာထုတ်ကုန်များ၊ အထူးသဖြင့် အထည်ချုပ်နှင့် စားသုံးကုန်များကို ကုန်သွယ်ခွန်ကင်းလွတ်ခွင့်ပေးအပ်ခြင်းကြောင့် ပို့ကုန်လုပ်ငန်းများတိုးတက်လာခဲ့ကြောင်းသိရသည်။

သို့သော် ဥရောပသမဂ္ဂမှ ကုန်သွယ်မှုအထူးအခွင့်အရေးကို ပြန်လည်ရုပ်သိမ်းမှုများရှိလာလျှင် အထည်ချုပ်လုပ် ငန်းနှင့် ရေထွက်လုပ်ငန်းမှ အလုပ်သမား ၁ဝသိန်းကျော်ခန့် ထိခိုက်နစ်နာနိုင်ကြောင်း မြန်မာနိုင််ငံလုံးဆိုင်ရာအ လုုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင် ကပြောသည်။

ထို့ကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို တုံ့ဆိုင်းသွားစေနိုင်သည့်အတွက် ဥရောပသမဂ္ဂက ပေးအပ်ထားသော Generalized System of Preferences (GSP) ကို ပြန်လည်မရုပ်သိမ်းရေးအတွက် မြန်မာနိုင်ငံကုန်သည်များ နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် မြန်မာနိုင််ငံလုံးဆိုင်ရာအလုုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM)၊ မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (MICS-TUsF) တို့ ပူးပေါင်းကာ “Together We succeed , Why GSP is Essential for Decent Work and Industrial Peace” ဆွေးနွေးပွဲကို ဒီဇင်ဘာ ၁ရရက်က ကုန်သည်စက်မှုအသင်းချုပ်တွင်ပြုလုပ်ခဲ့သည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...