ဂျပန်အစိုးရငွေဖြင့် ကုန်ထုတ်လမ်းဖောက်

ဂျပန်အစိုးရငွေဖြင့် ကုန်ထုတ်လမ်းဖောက်

ဂျပန်အစိုးရပံ့ပိုးကူညီမှုဖြင့် လွိုင်ကော်မြို့ ဆောင်ကန်း-ဆော်ခီးဒေါလယ်ယာကုန်ထုတ်ကျောက်ချောလမ်းကို ဖောက်လုပ်နိုင်ခဲ့သည်ဟု သိရသည်။

ကုန်ထုတ်လမ်းမရှိသည့်အတွက် အခက်အခဲများကို မြို့နယ်၊ပြည်နယ်အဆင့်ဆင့်တင်ပြခဲ့သော်လည်း အစိုးရမှ မဆောင်ရွက်ပေးနိုင်ခဲ့ ပေ။

လမ်းဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးရယ်က “ ကျွန်တော်တို့ပြည်နယ်အစိုးရရန်ပုံငွေနဲ့ဖြစ်ဖြစ် ဒီလမ်းအရှည်အတိုင်းအတာထိတော့ သူတို့မဆောက်လုပ်ပေးနိုင်ဘူးပေါ့။ နောက်ပြီးဂျပန်ကနေအသေးစားစီမံကိန်းကနေသူတို့လာတဲ့အချိန်ကျွန်တော်တို့နဲ့ချိတ်ဆက်ပေးခါကျတော့ဒီလမ်းကိုရခဲ့ခြင်းဖြစ်ပါတယ်။” ဟု ပြောသည်။

အဆိုပါဆောင်ကန်း – ဆော်ခီးဒေါလယ်ယာကုန်ထုတ်ကျောက်ချောလမ်းကိုကျေးရွာအများစုက အားထားသွားလာနေရသည့်လမ်းဖြစ်ပြီးအကျယ် ၁၂ပေအရှည်၃မိုင်ခန့််ရှိသည်။

တန်ဖိုးအနေဖြင့် အမေရိကန်ဒေါ်လာ၁၆၆,၀၀၀ကျော်မြန်မာ ငွေ ၂၃၅ သန်းကျော်အကုန်ကျခံဆောက်လုပ်ခဲ့သည်ဟုသိရသည်။

လွိုင်ကော်မြို့ ဆောင်ကန်း-ဆော်ခီးဒေါ လယ်ယာကုန်ထုတ်ကျောက်ချောလမ်းဖွင့်ပွဲ အခမ်းအနားကိုဒီဇင်ဘာလ၁၇ရက်နေ့ကကျင်းပခဲ့သည်။

Most read this week

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...