ဂျပန်အစိုးရငွေဖြင့် ကုန်ထုတ်လမ်းဖောက်

ဂျပန်အစိုးရငွေဖြင့် ကုန်ထုတ်လမ်းဖောက်

ဂျပန်အစိုးရပံ့ပိုးကူညီမှုဖြင့် လွိုင်ကော်မြို့ ဆောင်ကန်း-ဆော်ခီးဒေါလယ်ယာကုန်ထုတ်ကျောက်ချောလမ်းကို ဖောက်လုပ်နိုင်ခဲ့သည်ဟု သိရသည်။

ကုန်ထုတ်လမ်းမရှိသည့်အတွက် အခက်အခဲများကို မြို့နယ်၊ပြည်နယ်အဆင့်ဆင့်တင်ပြခဲ့သော်လည်း အစိုးရမှ မဆောင်ရွက်ပေးနိုင်ခဲ့ ပေ။

လမ်းဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးရယ်က “ ကျွန်တော်တို့ပြည်နယ်အစိုးရရန်ပုံငွေနဲ့ဖြစ်ဖြစ် ဒီလမ်းအရှည်အတိုင်းအတာထိတော့ သူတို့မဆောက်လုပ်ပေးနိုင်ဘူးပေါ့။ နောက်ပြီးဂျပန်ကနေအသေးစားစီမံကိန်းကနေသူတို့လာတဲ့အချိန်ကျွန်တော်တို့နဲ့ချိတ်ဆက်ပေးခါကျတော့ဒီလမ်းကိုရခဲ့ခြင်းဖြစ်ပါတယ်။” ဟု ပြောသည်။

အဆိုပါဆောင်ကန်း – ဆော်ခီးဒေါလယ်ယာကုန်ထုတ်ကျောက်ချောလမ်းကိုကျေးရွာအများစုက အားထားသွားလာနေရသည့်လမ်းဖြစ်ပြီးအကျယ် ၁၂ပေအရှည်၃မိုင်ခန့််ရှိသည်။

တန်ဖိုးအနေဖြင့် အမေရိကန်ဒေါ်လာ၁၆၆,၀၀၀ကျော်မြန်မာ ငွေ ၂၃၅ သန်းကျော်အကုန်ကျခံဆောက်လုပ်ခဲ့သည်ဟုသိရသည်။

လွိုင်ကော်မြို့ ဆောင်ကန်း-ဆော်ခီးဒေါ လယ်ယာကုန်ထုတ်ကျောက်ချောလမ်းဖွင့်ပွဲ အခမ်းအနားကိုဒီဇင်ဘာလ၁၇ရက်နေ့ကကျင်းပခဲ့သည်။

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...