နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နှစ်ဦး ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခံရ၊ တစ်ဦးသေဆုံး

နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နှစ်ဦး ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခံရ၊ တစ်ဦးသေဆုံး

မောင်တောမြို့နယ်၊ နယ်မြေ(၂)၊ နယ်စပ်ခြံစည်းရိုး မှတ်တိုင် (၄၁)နှင့်(၄၂) အကြားတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ လှည့်ကင်းဆောင်ရွက်စဉ်  တစ်ဖက်နိုင်ငံဘက်ခြမ်းမှ စိစစ်ဆဲအဖွဲ့က ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်သား တစ်ဦးသေဆုံးခဲ့ပြီး ရဲတပ်သား တစ်ဦး ဒဏ်ရာရှိကြောင်း သိရသည်။

ဒီဇင်ဘာလ(၁၇)ရက်နေ့ နေ့လယ်(၃)နာရီတွင် ချောင်းမြောင်းပစ်ခတ်ခံခဲ့ရသောကြောင့် ရဲတပ်သားတစ်ဦး ဝဲနောက်ကျောမှ ကျည်ဖောက်ဝင်၍ ရှေ့ဝမ်းဗိုက်ဖောက် ထွက်ဒဏ်ရာရရှိခဲ့သည့်အပြင် ရဲတပ်သား အောင်ကျော်သက်သည် ၎င်းကိုင်ဆောင်သည့် BA-63 သေနတ်(၁)လက်၊ ၎င်းကျည်(၁၂၀)တောင့်နှင့်အတူ ပျောက်ဆုံးလျက်ရှိကြောင်း ကနဦး သတင်းထုတ်ပြန်ထားခဲ့သည်။

မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်တို့ ပူးပေါင်း၍ နယ်မြေရှင်းလင်းရှာဖွေခဲ့ပြီး ဒီဇင်ဘာလ (၂၁) ရက် နေ့လယ်တွင် စိစစ်ဆဲအဖွဲ့ နေရာယူပစ်ခတ်ခဲ့သည့် တစ်ဖက်နိုင်ငံအတွင်းရှိနေရာ တောင်ကုန်းအနီးတွင် ပျောက်ဆုံးနေသည့် ရဲတပ်သား အောင်ကျော်သက်ကို မျက်နှာ၊ လက်မောင်းနှင့် ခြေထောက်တို့တွင်  သေနတ်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသော အလောင်းကိုတွေ့ရှိခဲ့သည်။  

ယင်းအလောင်း၏အောက်နှင့် အနီးနားပတ်ဝန်းကျင်တွင်  ဒေသန္တရလုပ်မိုင်း ခလုတ် (၁)ခု၊ ပစ်ကျင်းများနှင့် တစ်ဖက်နိုင်ငံထုတ် POPS တံဆိပ်ပါဘီစကွတ်မုန့်ထုပ်အခွံ(၂)ခု၊ MA-11နှင့် MA-12ကျည်ခွံ(၁၇)တောင့်တို့အား တွေ့ရှိခဲ့ကြောင်း သိရသည်။

 သေဆုံးခဲ့သော ရဲတပ်ဖွဲ့ဝင်၏ အလောင်းအား မြန်မာနိုင်ငံဘက်သို့ ပြန်လည်သယ်ဆောင်ပြီး ဒီဇင်ဘာ ၂၂ရက်နေ့  ညနေ(၄)နာရီတွင် မြေမြှုပ်သင်္ဂြိုဟ််ခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ အောင်ဇူနယ်မြေရဲစခန်း၌ (ပ)၁၅/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၀၇ ဖြင့်အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူများကို စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...