နမ်ဆန်ယန်ကျေးရွာတွင် ခရစ္စမတ်ပွဲ ပြုလုပ်မည်

နမ်ဆန်ယန်ကျေးရွာတွင် ခရစ္စမတ်ပွဲ ပြုလုပ်မည်

စစ်ရှောင်စခန်းမှ ပထမဆုံး နေရပ်ပြန်ပြီဖြစ်သော နမ်ဆန်ယန်ကျေးရွာတွင် ဒီဇင်ဘာ ၂၈ ရက်နေ့  ဘာသာပေါင်းစုံပါဝင်သည့် ကျေးရွာခရစ္စမတ်ပွဲ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၉ ရက်နေ့ နမ်ဆန်ယန် ကျေးရွာကို ပြန်သွားသော အိမ်ထောင်စု ၁၇ မှ လူဦးရေ ၅၇ ဦးသည် လာမည့်အပတ် ကျေးရွာခရစ္စမတ် ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီ ဟု သိရသည်။

“၂၈ ရက်နေ့ ခရစ္စမတ်လုပ်မယ်။ အဲဒီနေ့ကတော့ နေရပ်မပြန်ဘဲ စစ်ရှောင် စခန်းမှာ ရှိနေတဲ့ သူတွေ၊ ဆွေမျိုးအိမ်မှာ ရှိနေတဲ့သူတွေကလည်း ပွဲလာပါဝင်မယ်။ ၂၈ ရက်နေ့ မနက်ပိုင်း ပွဲလုပ်ပြီးမှ တချို့က မြို့ကို ပြန်မယ်။ အိမ်ထောင်စု ၁၇ ခုကတော့ ဘုရားကျောင်းမှာ ဆက်နေပြီး ရွာသန့်ရှင်းရေး လုပ်စရာ ရှိတာ ဆက်လုပ်မယ်” ဟု နမ်ဆန်ယန် ကျေးရွာသားများ နေရပ်ပြန်နိုင်ရေး ကြိုးပမ်းပေးနေသူ Slg. Hpaula Gam Hpang မှ ကချင်သတင်းဌာန KNG ကိုပြောသည်။

နေရပ်ပြန်သွားသော အိမ်ထောင်စု ၁၇ ခုတွင် မိုင်းနား စိန်ဂျိုးဇက်ကတ်သလစ်စစ်ရှောင်စခန်း၊ မြစ်ကြီးနား ဇီးလွန် ၊ ဂျန်မိုင်ကောင် ကတ်သလစ် စခန်း၊ အင်ဂျန်ဒုံ၊ ငွေပျော်စံပြ စသည့် စခန်းများမှ ပါဝင်နေသည်ကို တွေ့ရသည်။

အစိုးရအနေဖြင့်လည်း စစ်ရှောင်များ ကောင်းမွန်စွာ နေရပ်ပြန်အခြေချနိုင်ရေး စီမံချက် များကို ပြင်ဆင်နေပြီ ဖြစ်ကြောင်း Slg. Hpaula Gam Hpang ထံမှ သိရသည်။

တိုက်ပွဲကြောင့် နေရပ်စွန့်ခွာသွားသော ကချင်စစ်ရှောင်များအားလုံး နေရပ်ပြန်လာနိုင်ရေး ပထမဆုံး ရှေ့ပြေးအစီစဉ်ဖြင့် ယခုလို အိမ်ထောင်စု ၁၇ စုဖြင့် စတင်ခြင်း ဖြစ်သည်ဟု သိရသည်။

Most read this week

January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...
January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...
January 13, 2026
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုမှာ ဖျားနာသေဆုံးသူတွေ ပိုများလာပြီး...