နမ်ဆန်ယန်ကျေးရွာတွင် ခရစ္စမတ်ပွဲ ပြုလုပ်မည်

နမ်ဆန်ယန်ကျေးရွာတွင် ခရစ္စမတ်ပွဲ ပြုလုပ်မည်

စစ်ရှောင်စခန်းမှ ပထမဆုံး နေရပ်ပြန်ပြီဖြစ်သော နမ်ဆန်ယန်ကျေးရွာတွင် ဒီဇင်ဘာ ၂၈ ရက်နေ့  ဘာသာပေါင်းစုံပါဝင်သည့် ကျေးရွာခရစ္စမတ်ပွဲ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၉ ရက်နေ့ နမ်ဆန်ယန် ကျေးရွာကို ပြန်သွားသော အိမ်ထောင်စု ၁၇ မှ လူဦးရေ ၅၇ ဦးသည် လာမည့်အပတ် ကျေးရွာခရစ္စမတ် ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီ ဟု သိရသည်။

“၂၈ ရက်နေ့ ခရစ္စမတ်လုပ်မယ်။ အဲဒီနေ့ကတော့ နေရပ်မပြန်ဘဲ စစ်ရှောင် စခန်းမှာ ရှိနေတဲ့ သူတွေ၊ ဆွေမျိုးအိမ်မှာ ရှိနေတဲ့သူတွေကလည်း ပွဲလာပါဝင်မယ်။ ၂၈ ရက်နေ့ မနက်ပိုင်း ပွဲလုပ်ပြီးမှ တချို့က မြို့ကို ပြန်မယ်။ အိမ်ထောင်စု ၁၇ ခုကတော့ ဘုရားကျောင်းမှာ ဆက်နေပြီး ရွာသန့်ရှင်းရေး လုပ်စရာ ရှိတာ ဆက်လုပ်မယ်” ဟု နမ်ဆန်ယန် ကျေးရွာသားများ နေရပ်ပြန်နိုင်ရေး ကြိုးပမ်းပေးနေသူ Slg. Hpaula Gam Hpang မှ ကချင်သတင်းဌာန KNG ကိုပြောသည်။

နေရပ်ပြန်သွားသော အိမ်ထောင်စု ၁၇ ခုတွင် မိုင်းနား စိန်ဂျိုးဇက်ကတ်သလစ်စစ်ရှောင်စခန်း၊ မြစ်ကြီးနား ဇီးလွန် ၊ ဂျန်မိုင်ကောင် ကတ်သလစ် စခန်း၊ အင်ဂျန်ဒုံ၊ ငွေပျော်စံပြ စသည့် စခန်းများမှ ပါဝင်နေသည်ကို တွေ့ရသည်။

အစိုးရအနေဖြင့်လည်း စစ်ရှောင်များ ကောင်းမွန်စွာ နေရပ်ပြန်အခြေချနိုင်ရေး စီမံချက် များကို ပြင်ဆင်နေပြီ ဖြစ်ကြောင်း Slg. Hpaula Gam Hpang ထံမှ သိရသည်။

တိုက်ပွဲကြောင့် နေရပ်စွန့်ခွာသွားသော ကချင်စစ်ရှောင်များအားလုံး နေရပ်ပြန်လာနိုင်ရေး ပထမဆုံး ရှေ့ပြေးအစီစဉ်ဖြင့် ယခုလို အိမ်ထောင်စု ၁၇ စုဖြင့် စတင်ခြင်း ဖြစ်သည်ဟု သိရသည်။

ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...
September 10, 2026
ကချင်ပြည်၊ ရွှေကူမြို့တွင် ကမ်းကပ်ထားသည့် စစ်အုပ်စုတပ်၏ ဒုတိယအကြိမ် ဧရာဝတီရေကြောင်း စစ်ကြောင်းမှ...
မြေမြှုပ်မိုင်းပုံ / Crd
September 8, 2026
ကချင်ပြည်၊ ဝိုင်းမော်မြို့နယ်အတွင်း မြေမြှုပ်မိုင်းများကြောင့် အရပ်သား ထိခိုက်သေဆုံးသူ ၅ ဦးအထိ...
September 8, 2026
မန္တလေးဘက်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် ရေယာဉ်အုပ်စုပါ ဖလပ်သံ ခွန် ၂၈...