၁၂ နှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်ခဲ့သူ ၂ ဦးကို ထောင်ဒဏ် နှစ် ၂ဝ စီချမှတ်

၁၂ နှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်ခဲ့သူ ၂ ဦးကို ထောင်ဒဏ် နှစ် ၂ဝ စီချမှတ်

အသက် ၁၂ နှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်ခဲ့သူ အသက် ၁၉ နှစ်အရွယ် ဟန်လင်းအောင်(ခ)အီကြာကွေးနှင့် အသက် ၂၇ နှစ်အရွယ် ပြည့်စုံတို့ ၂ ဦးကို ထောင်ဒဏ် နှစ် ၂ဝ စီကျခံစေရန် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ အပြီးသတ်အမိန့်ချမှတ်လိုက်သည်။

အမှုအား စစ်ဆေးပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်ခဲ့ကြောင်း ထင်ရှားသဖြင့် တရားခံ ဟန်လင်းအောင်(ခ)အီကြာကွေးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃၆၃ အရ ထောင်ဒဏ် ၃ နှစ်၊ ပုဒ်မ- ၃၇၆ အရ ထောင်ဒဏ် နှစ် ၂ဝ တို့အား တစ်ပေါင်းတည်းကျခံစေရန် အမှုစစ်တရားသူကြီးက အမိန့်ချမှတ်ခဲ့သည်။

ပြစ်ဒဏ်ကို တစ်ပေါင်းတည်း ကျခံစေရန်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည့်အတွက် တရားခံ ဟန်လင်းအောင်မှာ အမှု ၂ မှုပေါင်း ထောင်ဒဏ် နှစ် ၂ဝ ကျခံရမည်ဖြစ်သည်။

အလားတူ တရားခံ ပြည့်စုံကိုလည်း ပြစ်မှုကျူးလွန်ခဲ့ကြောင်း ထင်ရှားသဖြင့် ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၇၆ အရ ထောင်ဒဏ် နှစ် ၂ဝ ကျခံစေရန် တရားသူကြီးက အပြီးသတ်အမိန့်ချမှတ်လိုက်သည်။

အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့က အသက် ၁၂ အရွယ်မိန်းကလေးငယ်နှင့် မိခင်ဖြစ်သူတို့ မြို့ထဲတွင် ဘေထုပ်ရောင်းရန်ထွက်လာခဲ့ပြီးနောက် မိခင်ဖြစ်သူက အနော်ရထားလမ်းပေါ်ရှိ သတင်းစာရောင်းနေသည့် ဖခင်ဖြစ်သူထံတွင် သမီးဖြစ်သူကို ထားခဲ့ကြောင်း၊ အလုပ်သိမ်းပြီး အိမ်ပြန်လာချိန်တွင် သမီးဖြစ်သူ ပြန်ပါမလာသဖြင့် လိုက်လံရှာဖွေခဲ့ကြကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုသို့ မိဘဖြစ်သူတို့က ရှာဖွေခဲ့ကြရာ အသက် ၁၂ အရွယ်မိန်းကလေး ပျောက်ဆုံးအပြီး တပတ်အကြာ သြဂုတ်လ ၁ဝ ရက်နေ့တွင်  ဒဂုံဆိပ်ကမ်းမြို့နယ် ၆ဝ ရပ်ကွက်၊ ပဲခူးမြစ်လမ်းသွယ် ရှိနေအိမ်တစ်အိမ်တွင် ရောက်ရှိနေသည်ဟု မိန်းကလေးငယ်ကိုယ်တိုင်ဖုန်းဆက်လာခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မိဘဖြစ်သူများက သမီးဖြစ်သူထံ သွားရောက်စုံစမ်းမေးမြန်းခဲ့ရာ သြဂုတ်လ ၃ ရက်နေ့တွင် ဟန်လင်းအောင်က ၎င်းနေထိုင်ရာ အိမ်သို့ခေါ်ဆောင်ပြီး အဓမ္မပြုကျင့်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဟန်လင်းအောင်က မ်ိန်းကလေးကို နေအိမ်သို့ပြန်ပို့ခဲ့သော်လည်း မိန်းကလေးက မိဘအိမ်သို့မပြန်ရဲသဖြင့် ဟန်လင်းအောင်နေအိမ်သို့ ပြန်လိုက်သွားကာ အတူနေထိုင်စဉ် ဟန်လင်းအောင်၏ သူငယ်ချင်းဖြစ်သူ ဗဟန်းမြို့နယ်၊ ၅ ရပ်ကွက်တွင်နေထိုင်သည့် ပြည့်စုံဆိုသူ ရောက်ရှိလာပြီး သြဂုတ်လ ၆ ရက်နေ့နှင့် ၉ ရက်နေ့များတွင် အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။

ထိုသို့ မိဘအုပ်ထိန်းမှုအောက်ရှိတွင် ရှိနေသည့်အပြင် အသက်မပြည့်သေးသော မိန်းကလေးအား အဓမ္မပြုကျင့်ခဲ့သူ ဟန်လင်းအောင်နှင့် ပြည့်စုံတို့အား ဥပဒေအရ အရေးယူပေးရန် တိုင်တန်းချက်အရ ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းတွင် (ပ)၆၁၂/၂ဝ၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၆၃/၃၇၆ တို့ဖြင့်အမှုဖွင့်အရေးယူခဲ့သည့်အမှုဖြစ်သည်။

ထိုမှတဆင့် ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးသို့ ယင်းပုဒ်မနှစ်ခုဖြင့် တရားစွဲတင်ပို့ခဲ့ပြီး ဒုတိယခရိုင်တရားသူကြီး ၁၄ တရားခွင်တွင်တရားရုံးအမှုအမှတ် ၆၁၉/၂ဝ၁၈၊၆၁၉(က)/၂ဝ၁၈ ဖြင့် လက်ခံစစ်ဆေးခဲ့ကာ အဆိုပါအမှုကို ၄ လကြာစစ်ဆေးခဲ့ပြီးနောက် ပြစ်မှုကျူးလွန်ခဲ့ကြောင်း ထင်ရှားသဖြင့် အမှုစစ်တရားသူကြီးက ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...