လားရှိုးတွင် ကျပ်သိန်း ၁၈ဝဝ ကျော်တန်ဖိုးရှိ ဘိန်းဖြူများနှင့်အတူ အမျိုးသားတစ်ဦးဖမ်းမိ

လားရှိုးတွင် ကျပ်သိန်း ၁၈ဝဝ ကျော်တန်ဖိုးရှိ ဘိန်းဖြူများနှင့်အတူ အမျိုးသားတစ်ဦးဖမ်းမိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာရှိ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ကျပ်သိန်း ၁၈ဝဝ ကျော်တန်ဖိုးရှိ ဘိန်းဖြူများနှင့်အတူ အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းမိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သိရသည်။

ဒီဇင်ဘာလ ၁၇ ရက်၊ ည ၇ နာရီအချိန်ခန့်တွင် လားရှိုးမြို့နယ်၊ မူးယစ်တပ်ဖွဲ့စု(၂၄)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟိုပိတ်ကျေးရွာရှိ အိုရီယမ်တယ် တိုးဂိတ်အနီးတွင် CANTER အမျိုးအစား မော်တော်ယာဉ် အား ရပ်တန့်ရှာဖွေရာမှ အဆိုပါ ဘိန်းဖြူများဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးမှ သတင်းထုတ်ပြန် ထားသည်။

CANTER အမျိုးအစား မော်တော်ယာဉ်၏ ယာဉ်နောက်ခန်းကြမ်းခင်း အံဝှက်အတွင်း ရောင်စုံဆပ်ပြာခွက်(၈၈ဝ) ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူ ၉ ဒသမ ၆၈ ကီလိုနှင့် မြန်မာငွေ ၁၉၅,ဝဝဝ ကျပ်တို့ကိုသိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထိုသို့ ဘိန်းဖြူများရှာဖွေတွေ့ရှိသဖြင့် ရဲတပ်ဖွဲ့မှ လက်ရှိတွင် ယာဉ်မောင်းလာသူဖြစ်သည့် အသက် ၁၈ နှစ် အရွယ် ယိန်းဆော် ဆိုသူအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

အလားတူ ဒီဇင်ဘာလ ၁၇ ရက်နေ့၊ ညနေပိုင်းတွင် ဟိုပုံးမြို့နယ်၊ လွိုင်လင်-တောင်ကြီးသွားကားလမ်း၊ လွယ်ဝိုး တုတ်ကျေးရွာ၊ မိုင်တိုင် အမှတ် ၁၄၄/၃ အနီးတွင် အသက် ၂၈ နှစ်အရွယ်  ဖြိုးအောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,ဝဝဝ ပြား၊ ဘိန်းဖြူ ၅ ဂရမ်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

ထို့ပြင် ဒီဇင်ဘာလ ၁၇ ရက်၊ ညနေပိုင်းတွင် နောင်ချိုမြို့အဝင်၊ မူဆယ်-မန္တလေးသွားပြည်ထောင်စုကားလမ်း၊ မိုင်တိုင်အမှတ် (၈၀/၄)အနီးတွင် အသက် ၃၅ နှစ်အရွယ် ဟန်ဝင်းမောင်မောင်းနှင်ပြီး အသက် ၂၉ နှစ်အရွယ် ဝေလင်းဦး(ခ) ဆံရှည် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ဝေလင်းဦး လွယ်ထား သည့် အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၇,၈ဝဝ ပြားနှင့်လက်ကိုင်ဖုန်းနှစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ၃ ဦးကိုလည်း သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...