မောင်တောသို့ အာဆီယံအတွင်းရေးမှူးချုပ်နှင့်အဖွဲ့ ကွင်းဆင်းလေ့လာ

မောင်တောသို့ အာဆီယံအတွင်းရေးမှူးချုပ်နှင့်အဖွဲ့ ကွင်းဆင်းလေ့လာ

ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အာဆီယံမှ ပူပေါင်းဆောင်ရွက်နိုင်ရေးအတွက် အာဆီယံအတွင်းရေးမှူးချုပ်၊ H.E. Mr. Lim Jock Hoi၊ လူမှုရေးနှင့် ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်တို့အဖွဲ့သည် ဒီဇင်ဘာလ ၁၇ ရက်နေ့က မောင်တောဒေသသို့ သွားရောက်လေ့လာခဲ့ကြသည်။

မောင်တောမြို့နယ်ရှိ တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်း၊ ငါးခူရပြန်လည်လက်ခံရေး၊ လှဖိုးခေါင်ကြား စခန်းနှင့် ရွှေဇားကျေးရွာများသို့ သွားရောက်လေ့လာခဲ့ခြင်းဖြစ်သည်။ မောင်တောဒေသရှိ ရခိုင်နှင့် ဘင်္ဂါလီများက လက်ရှိကြုံတွေ့နေရသည့် စီးပွားရေး၊ လူမှုရေး အခြေအနေများကို တင်ပြခဲ့ကြသည်။

" အခုဒေသအခြေအနေအရ ငါးရှာရတာ အဝေးကို သွားရောက်မရှာဖွေနိုင်ပါ။ မနေ့တစ်နေ့ကလည်း သစ်တောရွာမှာ နွားကျောင်းနေတဲ့ မိန်ကလေးတစ်ဦး အသတ်ခံရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကျေးရွာသားတွေဟာ အဝေးကိုသွားရောက်ပြီး ငါးရှာ၊ဖားရှာမပြုလုပ်ရဲပါ" ဟု အောင်ဗလကျေးရွာက ဦးဘထွန်းက တင်ပြခဲ့သည်။

တောင်ပြိုလက်ဝဲနှင့် ငါးခူရ ပြန်လည်လက်ခံရေးစခန်းများတွင် အခြေခံအဆောက်အဦများ တည်ဆောက်ထားမှု၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စိစစ်ရေးလုပ်ငန်းများ၊ နေထိုင်စားသောက်ရေးတို့အတွက် ကြိုတင်ပြင်ဆင်ထားမှု၊ လူ့အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးရန် စီစဉ်ထားမှုများကို ကြည့်ရှုလေ့လာခဲ့ကြသည်။

ထို့နောက် လှဖိုးခေါင်ကြားစခန်းသို့ ရောက်ရှိပြီး လက်ခံရေးစခန်းများမှ ရောက်ရှိလာသူများ ခေတ္တနေထိုင်နိုင်ရေးအတွက် လူနေထိုင်ရန် အိမ်ခန်းတွဲများ တည်ဆောက်ထားမှု၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းထားသည့် Modular Houses များစီစဉ်ထားမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် စီစဉ်ထားမှုများ၊ အသက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေရရှိရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင်ထားမှု၊ ယာယီစာသင်ခန်းများ၊ ကျန်းမာရေးဆေးပေးခန်းများ၊ ကလေးငယ်များအတွက် ကလေးပျော်နေရာများနှင့် အမျိုးသမီးများအတွက် အိမ်တွင်းမှုလုပ်ငန်းများ ကြိုတင်ပြင်ဆင်ထားမှုများကို ကြည့်ရှုလေ့လာခဲ့ကြောင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အာဆီယံအနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်ခဲ့သည့် (၃၃)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ အတည်ပြုဆုံးဖြတ်ခဲ့သည်။

အဆိုပါ အစည်းအဝေးဆုံးဖြတ်ချက်အရ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အတွက် လိုအပ်ချက်များကို ဆန်းစစ်ဖော်ထုတ်ရန်နှင့် အာဆီယံမှ ပူပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနသည် အာဆီယံအတွင်းရေးမှူးချုပ်ရုံး ၊ သဘာဝဘေးစီမံခန့်ခွဲမှုအတွက် လူသားချင်းစာနာ ကူညီမှုဆိုင်ရာအာဆီယံညှိနှိုင်းရေးမှူးရုံး( ASEAN Coordinating Centre for Humanitarian Assistance on Disaster Management -AHA Centre) တို့နှင့် ကြိုတင်ညှိနှိုင်းမှုများကို ပြုလုပ်ခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

အာဆီယံအတွင်းရေးမှူးချုပ်၏ ခရီးစဉ်တွင် လူမှုရေးနှင့် ယဉ်ကျေးမှုအသိုက် အဝန်းဆိုင်ရာ အာဆီယံဒုတိယအတွင်းရေးမှူးချုပ်နှင့် သဘာဝဘေးစီမံခန့်ခွဲမှုအတွက် လူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံး၏ အမှုဆောင်ညွှန်ကြားရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ဌာနဆိုင်ရာကိုယ်စားလှယ်များ လိုက်ပါခဲ့ကြသည်။

၄ ကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - APM
May 11, 2026
ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်သော သက်လူမျိုးများသည် ယခုအခါ အာရက္ခပြည် ထူထောင်ရေး...
May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...