ဖားကန့် လုံခြုံရေး ရဲ ပစ်ခတ်မှုကြောင့် ရေမဆေးသမား ၂ ဦး ဒဏ်ရာ ရ

ဖားကန့် လုံခြုံရေး ရဲ ပစ်ခတ်မှုကြောင့် ရေမဆေးသမား ၂ ဦး ဒဏ်ရာ ရ

ဖားကန့်၊ လုံးခင်းအုပ်စု သာယာကုန်းကျေးရွာအနီးတွင် ရေမဆေးသမားနှစ်ဦးကို လုံခြုံရေးရဲများက သေနတ်ပစ်ခေတ်မှုကြောင့် ဒဏ်ရာရခဲ့ကြောင်းသိရသည်။

ဒီဇင်ဘာလ ၁၂ရက်နေ့ ညနေ ၅နာရီအချိန်တွင် ငွေဗျိုင်းဖြူကျောက်မျက်တူးဖော်ရေး ကုမ္မတီအတွင်း ရေမဆေးရှာဖွေရန်ကြိုးစားနေသော အသက် ၂၀အရွယ်ရှိ မောင်သန်းဌေး နှင့် အသက် ၁၈အရွယ်ရှိ မောင်နေအောင်ကျော် နှစ်ဦးကို လုံခြုံရေးရဲများက သေနတ်ဖြင့် ခြိမ်းခြောက်ပတ်ခတ်ရာမှ ထိမှန်ဒဏ်ရာရကြောင်း မျက်မြင်သက်သေ Green Land ဥက္ကဌ Slg. Ying Hkaw က ယခုလို ကချင်သတင်းဌာန KNG ကို ပြောသည်။

“အခါတိုင်းဆိုရင် ရေမဆေးသမားတွေကို ၄နာရီမှာ ဝင်ခိုင်းတယ်။ ဒါပေမယ့် ဒီညနေက ၅နာရီ ထိုးလာသော်လည်း လုံခြုံရေးရဲတွေက မဝင်ခိုင်းဘူး။ အဲ့တော့ရေမဆေးသမားနှစ်ယောက်က ခြံစည်းရိုးကျော်ကနေ ဝင်ဖို့ကြိုးစားနေတာကို ရဲကသေနတ်ဖြင့် ပစ်ခြောက်တော့ ဒဏ်ရာမှန်သွားတာပါ။”

ဒဏ်ရာရ ရေမဆေးသမားနှစ်ဦးသည် လက်ရှိ ဖားကန့်ဆေးရုံးတွင် ဆေးကုသခံယူနေပြီး အသက်အန္တရာယ်စိုးရိမ်စရာ မရှိကြောင်း ဆိုပါသည်။

September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...
September 10, 2026
ကချင်ပြည်၊ ရွှေကူမြို့တွင် ကမ်းကပ်ထားသည့် စစ်အုပ်စုတပ်၏ ဒုတိယအကြိမ် ဧရာဝတီရေကြောင်း စစ်ကြောင်းမှ...
မြေမြှုပ်မိုင်းပုံ / Crd
September 8, 2026
ကချင်ပြည်၊ ဝိုင်းမော်မြို့နယ်အတွင်း မြေမြှုပ်မိုင်းများကြောင့် အရပ်သား ထိခိုက်သေဆုံးသူ ၅ ဦးအထိ...