ဖားကန့် လုံခြုံရေး ရဲ ပစ်ခတ်မှုကြောင့် ရေမဆေးသမား ၂ ဦး ဒဏ်ရာ ရ

ဖားကန့် လုံခြုံရေး ရဲ ပစ်ခတ်မှုကြောင့် ရေမဆေးသမား ၂ ဦး ဒဏ်ရာ ရ

ဖားကန့်၊ လုံးခင်းအုပ်စု သာယာကုန်းကျေးရွာအနီးတွင် ရေမဆေးသမားနှစ်ဦးကို လုံခြုံရေးရဲများက သေနတ်ပစ်ခေတ်မှုကြောင့် ဒဏ်ရာရခဲ့ကြောင်းသိရသည်။

ဒီဇင်ဘာလ ၁၂ရက်နေ့ ညနေ ၅နာရီအချိန်တွင် ငွေဗျိုင်းဖြူကျောက်မျက်တူးဖော်ရေး ကုမ္မတီအတွင်း ရေမဆေးရှာဖွေရန်ကြိုးစားနေသော အသက် ၂၀အရွယ်ရှိ မောင်သန်းဌေး နှင့် အသက် ၁၈အရွယ်ရှိ မောင်နေအောင်ကျော် နှစ်ဦးကို လုံခြုံရေးရဲများက သေနတ်ဖြင့် ခြိမ်းခြောက်ပတ်ခတ်ရာမှ ထိမှန်ဒဏ်ရာရကြောင်း မျက်မြင်သက်သေ Green Land ဥက္ကဌ Slg. Ying Hkaw က ယခုလို ကချင်သတင်းဌာန KNG ကို ပြောသည်။

“အခါတိုင်းဆိုရင် ရေမဆေးသမားတွေကို ၄နာရီမှာ ဝင်ခိုင်းတယ်။ ဒါပေမယ့် ဒီညနေက ၅နာရီ ထိုးလာသော်လည်း လုံခြုံရေးရဲတွေက မဝင်ခိုင်းဘူး။ အဲ့တော့ရေမဆေးသမားနှစ်ယောက်က ခြံစည်းရိုးကျော်ကနေ ဝင်ဖို့ကြိုးစားနေတာကို ရဲကသေနတ်ဖြင့် ပစ်ခြောက်တော့ ဒဏ်ရာမှန်သွားတာပါ။”

ဒဏ်ရာရ ရေမဆေးသမားနှစ်ဦးသည် လက်ရှိ ဖားကန့်ဆေးရုံးတွင် ဆေးကုသခံယူနေပြီး အသက်အန္တရာယ်စိုးရိမ်စရာ မရှိကြောင်း ဆိုပါသည်။

ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...
January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...
January 13, 2026
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုမှာ ဖျားနာသေဆုံးသူတွေ ပိုများလာပြီး...
January 10, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ယုန်းအောင်အဖွဲ့ စိုးမိုးထားတဲ့...