စာပြရန်သွားစဉ် ဆရာမတစ်ဦး အသတ်ခံရမှုကြောင့် ပညာရေးအသိုင်းအဝိုင်း စိုးရိမ်မှုမြင့်တက်

စာပြရန်သွားစဉ် ဆရာမတစ်ဦး အသတ်ခံရမှုကြောင့် ပညာရေးအသိုင်းအဝိုင်း စိုးရိမ်မှုမြင့်တက်

ရမ်းဗြဲမြို့နယ်၊ စေရင်းကျေးရွာမှ မူလတန်းပြဆရာမတစ်ဦး တာဝန်ကျနေသည့် ကျောင်းသို့ စာပြရန်သွားစဉ် လမ်း၌ အသတ်ခံရ၍ သေဆုံးသွားမှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် ပညာရေးလောကက ဆရာမများ စိုးရိမ်မှု မြင့်တက်နေကြသည်။

ဆရာမများမှာ မိမိတာဝန်ကျနေသည့် စာသင်ကျောင်းများတွင် လုံခြုံစွာ တာဝန်ထမ်းဆောင်လိုကြသည်။ တချို့ကျေးရွာများမှာ ဆရာမများနေထိုင်ရန် အဆောင်မရှိသောကြောင့် ပညာရေးဌာနနှင့် ကျေးရွာသားများက အဆင်ပြေအောင် ပြုလုပ်ပေးရန် လိုအပ်သည်ဟု ပေါက်တောမြို့နယ်က မူလတန်းပြဆရာမ ဒေါ်မိုးဆန်းဝင်းက ထောက်ပြသည်။

“ နောက်လည်း အဲလို မဖြစ်စေချင်ပါဘူး။  ဆရာမတွေဆိုတော့ ပိုဆိုးတာပေါ့။ အဲလို တစ်ယောက်တည်းသွားတာကို အခွင့်ကောင်းယူပြီး မလုပ်သင့်ပါဘူး။ ဆရာမတိုင်းက ပြည့်စုံမှုမရှိဘူးလေ။ အခက်ခဲတစ်ခု ရှိတာကြောင့်လည်း တာဝန်ကျတဲ့ရွာမှာ မနေတာလည်းဖြစ်နိုင်တယ်။ ဆရာ၊ ဆရာမတွေကို လေးစားသင့်တယ်။ အခုလိုမျိုး မလုပ်သင့်ဘူး။ အဓိကတော့ ကျေးရွာတိုင်းမှာ ဆရာမတွေအတွက် လုံခြုံမှုရှိအောင် လုပ်ပေးသင့်တာပေါ့။ ပညာရေးဌာနကလေ။ ဆရာမတွေက ဆရာတွေနဲ့ တူတာမဟုတ်ဘူး။ ပိုပြီးလုံခြုံမှုရှိအောင် လုပ်ပေးသင့်ပါတယ်” ဟု ၎င်းက ပြောသည်။

တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများအားလုံးကို  အကောင်းဆုံး တာဝန်ထမ်းဆောင်နိုင်ရန်အတွက် လုံခြုံမှုပေးစေချင်ကြောင်း၊ လုံခြုံမှုမရှိသည့် ဘဝမှာ ဝန်းထမ်းဖြစ်ရခြင်းကို သနားပြီး ဒေါ်မေဇင်နှင်းတို့ မိသားစုအတွက်လည်း ဝမ်းနည်း၊ ကြေကွဲရသည်ဟု ဘူးသီးတောင်မြို့နယ်က မူလတန်းပြဆရာမ ဒေါ်ခင်စိုးအေးက ပြောသည်။

“ အခုဖြစ်တဲ့ ဆရာမဆိုရင် အဲဒီဆရာမသွားတဲ့ လမ်းမပေါ်မှာ ရဲစခန်းပဲဖြစ်ဖြစ်၊ နယ်ခြားစောင့်ပဲဖြစ်ဖြစ် တစ်ခုခုရှိရင် အဲလိုဖြစ်လာစရာ အကြောင်းမရှိဘူးလေ။ အခုလိုလည်း အသက်ဆုံးရှုံးမှာ မဟုတ်ဘူး။ ဆရာမတို့ အရင်က ကျောင်းသွားတဲ့အခါ ကုလားရွာတွေကို ဖြတ်ပြီးသွားရတာကြောင့် အဆင်မပြေဘူး။ အခက်ခဲတွေ အများကြီးှရှိတယ်။ ချောင်းတွေကို ဖြတ်သွားတဲ့အခါတွေမှာ အဆင်မပြေဘူး။ နောက်ပြီး လှေသမားတစ်ယောက်နဲ့ ကိုယ်တစ်ယောက်တည်း သွားရတယ်အခါမျိုးမှာပေါ့ ” ဟု ၎င်းက ပြောသည်။

ဆရာမတစ်ဦး ယခုကဲ့သို့ သေဆုံးသွားခြင်းအပေါ် များစွာစိတ်မကောင်းဖြစ်ပြီး နောင်တွင် ဆရာမများအနေဖြင့် ယခုကဲ့သို့ အဖြစ်မျိုး မကြုံရစေရန် ကျောင်းသားမိဘများနှင့် ပညာရေးဌာနမှ အဓိက လုပ်ဆောင်ပေးသင့်ကြောင်း ၎င်းက တိုက်တွန်းသည်။

ရမ်းဗြဲမြို့နယ်၊ စေရင်းကျေးရွာမှ မူလတန်းပြဆရာမ ဒေါ်မေဇင်နှင်းမှာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀  ရက်နေ့က သုံးမိုင်ခန့်ဝေးကွာသည့် သူတာဝန်ကျနေသည့် တောင်ရွာ မူလတန်းကျောင်းသို့ စာသင်ပြရန်သွားစဉ် လမ်း၌ အသတ်ခံရခဲ့ရမှုကြောင့် သေဆုံးသွားသည်။

၄ ကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - APM
May 11, 2026
ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်သော သက်လူမျိုးများသည် ယခုအခါ အာရက္ခပြည် ထူထောင်ရေး...
May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...