ရွှေဝါဆပ်ပြာထုပ်ဖြင့် ထည့်ထားသော WY/R စိတ်ကြွဆေးပြား ကျပ်သိန်း သုံးထောင်ကျော်ဖိုး ဖမ်းမိ

ရွှေဝါဆပ်ပြာထုပ်ဖြင့် ထည့်ထားသော WY/R စိတ်ကြွဆေးပြား ကျပ်သိန်း သုံးထောင်ကျော်ဖိုး ဖမ်းမိ

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၊ ရေချမ်းပြင်ဆိပ်ကမ်း၌ ရပ်ထားသောသုံးဘီးဆိုင်ကယ်အား ရှာဖွေရာ ရွှေဝါဆပ်ပြာထုပ်များဖြင့်ထည့်ထားသော  WY/R စိတ်ကြွဆေးပြား ကျပ်သိန်း သုံးထောင်ကျော်ဖိုးကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၁ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ပူးပေါင်းအဖွဲ့မှ သတင်းအရ စစ်တွေမြို့နယ်၊ ရေချမ်းပြင်ဆိပ်ကမ်း၌ ရပ်ထားသော နာရီကန်ကျေးရွာတွင် နေထိုင်သူ ထွန်းဝင်း(ခ)သိန်းထွန်း(၄၄)နှစ်၊ (ဖ)ဦးသာမြ(ခ)မောင်ချေ၊ မောင်းနှင်သည့် ၄ဟ/------ သုံးဘီးဆိုင်ကယ်အား စစ်ဆေးရာ ရွှေဝါဆပ်ပြာ ၃၃ ထုပ်အတွင်းမှ WY/R စိတ်ကြွဆေးပြား ၁၃၀၀၀၀၀ ပြားကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါဆေးပြားများသည်  ၁ ပြားလျှင် ကျပ် ၃၀၀၀ နှုန်းဖြင့် ကျပ် ၃၉၀၀၀၀၀၀၀၀ တန်ဖိုးရှိကြောင်း သိရပြီး အမှုအတွက် ကွင်းဆက်များကို ဖမ်းဆီးရမိနိုင်ရန် ဆက်လက်စုံစမ်းနေကြောင်း သိရသည်။

ထိုအမှုမှ ထွန်းဝင်း(ခ)သိန်းထွန်း(၄၄)နှစ်၊ (ဖ)ဦးသာမြ(ခ)မောင်ချေကို စစ်တွေမြို့မ ရဲစခန်းတွင်  မူးယစ် (ပ)၆၂/၂၀၁၈၊မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ-၁၉(က)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...