မိုင်းတုံမြို့နယ်အတွင်းရှိ မိုင်းဖုန်းဆရာတော် ခူးဝါးဝန်းစုမ့်၏ တရားဟောကျောင်းဆောင်အား လက်နက်ကိုင်တပ်ဖွဲ့မှ ဖျက်ဆီး

မိုင်းတုံမြို့နယ်အတွင်းရှိ မိုင်းဖုန်းဆရာတော် ခူးဝါးဝန်းစုမ့်၏ တရားဟောကျောင်းဆောင်အား လက်နက်ကိုင်တပ်ဖွဲ့မှ ဖျက်ဆီး
Photo by Mong Tong villager/မိုင်းတုံမြို့နယ်အတွင်းရှိ မိုင်းဖုန်းဆရာတော် ခူးဝါးဝန်းစုမ့်၏ တရားဟောကျောင်းဆောင်အား လက်နက်ကိုင်တပ်ဖွဲ့မှ ဖျက်ဆီး
Photo by Mong Tong villager/မိုင်းတုံမြို့နယ်အတွင်းရှိ မိုင်းဖုန်းဆရာတော် ခူးဝါးဝန်းစုမ့်၏ တရားဟောကျောင်းဆောင်အား လက်နက်ကိုင်တပ်ဖွဲ့မှ ဖျက်ဆီး

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် အတွင်းရှိ မိုင်းဖုန်းဆရာတော် ဦးဉာဏသံဝရ (ခူးဝါးဝန်းစုမ့်) အားလှူဒါန်းထားသော မြေပေါ်တွင်ဆောက်လုပ်ထားသည့် ဆရာတော်၏ တရားဟောကျောင်းဆောင်အား ၀တပ်ဖွဲ့မှ ဖျက်သိမ်းကြောင်းသိရသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့မွန်းလွဲ ၂ နာရီက မိုင်းတုံမြို့နယ် ဟွေ့အော့အခြေစိုက် တောင်ပိုင်း ၀ စစ်ဒေသမှ ၀ တပ်သား အင်အား ၂၀ ခန့်က မိုင်းဟန်အုပ်စုရှိ မိုင်းဖုန်းဆရာတော်၏ တရားဟောကျောင်းဆောင်၊ ဇရပ်နှင့်ထပ်မံတည်ဆောက်မည့် စေတီတော်တဆူတို့အား မြေထိုးစက်ကြီးများဖြင့် တူးဆွဖျက်ဆီးလိုက်ကြောင်း မိုင်းတုံမြို့နယ်အတွင်းရှိ ဆရာတော်တပါးက မိန့်တော်မူသည်။

“ဟုတ်တယ်။ ၀ တပ်ဖွဲ့တွေ ဘာမှ လာပြီးမေးမြန်းတာမရှိဘူး။ တခါတည်းမြေထိုးစက်တွေနဲ့ လာထိုးပစ်လိုက်တာ။ ဒီလိုလုပ်ရပ်မျိုးတော့ သူတို့မလုပ်သင့်ဘူး။ ခူးဝါးဝန်းစုမ့်က အခုလိုစေတီတွေ ကျောင်းကန်တွေလုပ်နေတာဟာ ဘယ်လူမျိုးအတွက်မှမဟုတ်ဘူး။ ဗုဒ္ဓသာသနာတော်ထွန်းကားပျံ့ပွါးရေးအတွက်ဘဲ လုပ်နေတာ။ ”- ဟု မိန့်တော်မူသည်။

မိုင်းတုံမြို့နေ ၀ တပ်ဖွဲ့အရာရှိတဦးဖြစ်သည့် အိုက်ယောဝ် က – “အထက်ကညွှန်ကြားလာလို့ လုပ်ရတာပါ။ ဒီမြေကလည်း အရင်ကတည်းက ၀ တပ်ဖွဲ့ရဲ့မြေဖြစ်နေတော့ ပြန်လည်ရှင်းလင်းကြည့်ရှုဖို့ အထက်ကပြောလာလို့ လုပ်ရတာပါ ”- ဟု ပြောသည်။

ခူးဝါးဝန်းစုမ့်မှ ကျောင်းဆောင်ဆောက်လုပ်ထားသော အဆိုပါမြေနေရာတွင် (ထိုင်းဘုရင်) ဗြနရာဇ်မင်း (ဖရနရေးဆွန်) ၏အုဋ်ဂူ တည်ရှိသည့်နေရာဖြစ်ပြီး ပြန်လည်မွမ်းမံတည်ထားရန်အတွက် ၀ တပ်ဖွဲ့အကြီးအကဲ ဦးယန်ကော်ကျုံးထံမှ လွန်ခဲ့သည့် ၂ နှစ်ခန့်ကတည်းက အလှူခံရာ ဦးယန်ကော်ကျုံးကိုယ်တိုင် မြေဧက ၅၀ အား ရေစက်ချ လှူဒါန်းထားကြောင်း မိုင်းတုံမြို့နေ ခူးဝါးဝန်းစုမ့်၏ တပည့်ဒကာများက ပြောဆိုသည်။

“ကျနော်တို့ ဒီအုဋ်ဂူကိုပြန်လည်မွမ်းမံဖို့နဲ့ အဲ့ဒီမှာ စေတီတော်တည်ဖို့အတွက် အုတ်တွေသဲတွေ တောင်ဝယ်ထားပြီးပြီ။ စေတီတော်လည်း နဲနဲစတင်တည်ဆောက်နေပြီ။ အခုလို သူတို့က လာပြီးဖျက်ဆီးလိုက်တော့ ကျောင်းဆောင်တွေရဲ့ သွပ်ပြားတွေ သစ်တွေကို ကျနော်တို့ သယ်နိုင်သလောက်တော့သယ်ခဲ့ပါတယ်။ ကျန်တာတော့ အဲ့မှာဘဲချန်ထားတာပေါ့။ လက်နက်ကိုင်တပ်ဖွဲ့တွေများလာတော့လည်း ပြသနာက များများလာတယ်။ အခုဆိုဒီဒေသတဝိုက်မှာ ကြည့်လိုက်ရင် ၀ တပ်ဖွဲ့ရဲ့ ခြံတွေချည်း မြေတွေချည်းဖြစ်နေတယ်။ ” – ဟု ဆရာတော်၏ တပည့်ဒကာတဦးဖြစ်သည့် ဒေသခံ လယ်သမား စိုင်းစိုင်း ကလည်းပြောသည်။

ထိုင်းဘုရင် ဖရနရေးဆွန်၏ အုဋ်ဂူတည်ရှိရာ အဆိုပါ မြေနေရာများသည် လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ၀ တပ်ဖွဲ့က သိမ်းယူထားပြီး ပြောင်းများစိုက်ပျိုးခဲ့သည်။ ဒေသခံများ တောင်းဆိုချက်အရ အဆိုပါအုဋ်ဂူနေရာအား ကွက်ပေးပြီး လမ်းမှ အုဋ်ဂူသို့သွားရန် ပြောင်းခြံများကြား ဖြတ်သန်းသွားရကြောင်း၊ လွန်ခဲ့သည့် ၂ နှစ်ခန့်က ဆရာတော် ခူးဝါးဝန်းစုမ့်မှ အလှူခံသဖြင့် ထိုမြေနေရာနှင့်အနီးတဝိုက် ဧက ၅၀ ခန့်အား ၀ တပ်ဖွဲ့အကြီးအကဲ ကိုယ်တိုင်ရေစက်ချလှူဒါန်းထားကြောင်းသိရပါသည်။

မှတ်ချက် *** ဒီဇင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်း ကမူ အဆိုပါ ၀တပ်ဖွဲ့အကြီးအကဲဦးဆောင်သည့်အဖွဲ့က မိုင်းတုံမြို့ ဆရာတော်သံဃာတော်များထံ လာရောက်ဝန်ချတောင်းပန်ခဲ့ပြီးဖြစ်ကြောင်းနှင့် မိုင်းဖုန်းဆရာတော်ခူးဝါးဝန်းစုမ့်မှ သာသနာတော်ပျံ့ပွါးရေးအတွက်ဆက်လက်လုပ်ဆောင်သွားခွင့်ပြုကြောင်း ပြောဆိုသည်ဟုလည်း မိုင်းတုံဒေသခံတဦးက သတင်းပေးပို့ပြောဆိုခဲ့ပါသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...