ပုဂ္ဂလိဘဏ်ခွဲများ တိုးချဲ့ဖွင့်လှစ်ရာတွင် ဗဟိုဘဏ်သို့ အကြောင်းမကြားပါက ဒဏ်ငွေ ရိုက်မည်

ပုဂ္ဂလိဘဏ်ခွဲများ တိုးချဲ့ဖွင့်လှစ်ရာတွင် ဗဟိုဘဏ်သို့ အကြောင်းမကြားပါက ဒဏ်ငွေ ရိုက်မည်

ပြည်တွင်းရှိ ပုဂ္ဂလိဘဏ်ခွဲများ တိုးချဲ့ဖွင့်လှစ်ရာတွင် ဗဟိုဘဏ်သို့ တရားဝင်အကြောင်းကြားခြင်း မရှိသော ဘဏ်များကို ကျပ်သိန်း ၇၀ ဒဏ်ငွေရိုက် အရေးယူသွားမည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောသည်။

“ ခွင့်ပြုချက် မရှိဘဲနဲ့ ဖွင့်ထားတာတွေရှိလို့ရင် ကျွန်တော်တို့ကို တင်ပြရမယ်။  သူတို့ ပိတ်ချင်လည်း ပိတ်၊ မပိတ်ချင်ဘူး ဆက်ဖွင့်မယ်ဆို ဒဏ်ရိုက်မယ်” ဟု ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောသည်။

ယနေ့ ဒီဇင်ဘာလ ၁၀ ရက်၊ ရန်ကုန်မြို့ ၊ မြန်မာနိုင်ငံဘဏ်များအသင်းတွင် ပြုလုပ်သော မြန်မာနိုင်ငံ၏ ပထမဆုံးသော ချေးငွေသတင်းအချက်အလက်ဌာန ထူထောင်ရန်အတွက် သဘောတူညီမှု လက်မှတ်ရေးထိုးပွဲ အပြီးတွင် ပြောခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဖွင့်လှစ်ရာတွင် အကြောင်းမကြားသည့် ဘဏ်ခွဲများကို ကျပ် သိန်း ၇၀ ဒဏ်ရိုက်မည် ဖြစ်ပြီး လာမည့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ ကျပ်သိန်း ၂၀၀ အထိ တိုးမြှင့်ဒဏ်ရိုက်သွားမည်ဟု သိရသည်။

“ အရင်တုန်းကတော့ တစ်ခါတလေကြရင် ပြောတာပေါ့။ Central Bank က ရပါတယ်ကွာ။ တို့ လုပ်လို့ ရပါ တယ်။ ကျွန်တော်တို့က အခုတော့ မရတော့ဘူး။ စည်းကမ်းပိုရှိလာဖို့ လိုတယ်” ဟု ဗဟိုဘဏ်ဒုဥက္ကဋ္ဌက ပြောသည်။

နောက်ပိုင်းတွင် ပုဂ္ဂလိကဘဏ်များ စည်းကမ်းရှိလာစေရန်နှင့် စည်းကမ်းမဲ့ မလုပ်စေရန် ရည်ရွယ်ဆောင်ရွက် ခြင်းဖြစ်ကြောင်း ဗဟိုဘဏ်ဒုဥက္ကဋ္ဌက ထည့်သွင်းပြောဆိုသွားသည်။

ဗဟိုဘဏ်မှ ချမှတ်သော စည်းမျဉ်းစည်းကမ်းများသည် ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအပေါ် အကျိုး သက်ရောက်မှု မရှိသောကြောင့် မှတ်ချက်မပေးလိုကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ပုဂ္ဂလိဘဏ်လုပ်ငန်း ၁၄ ခု ခန့် ရှိပြီး သက်ဆိုင်ရာဘဏ်ခွဲများကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တွင် အများဆုံးဖွင့်လှစ်ထားကြောင်း တွေ့ရသည်။

ပုဂ္ဂလိဘဏ်ခွဲများကို အရေးယူမှု ရှိ၊ မရှိ လတ်တလော မသိရသေးသော်လည်း မဇ္ဈိမမှ အသေးစိတ် ထပ်မံ တင်ပြသွားမည် ဖြစ်သည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...