UEHRD အတွက် တရုတ်က ငွေကျပ်သိန်းနှစ်ထောင်လှူဒါန်း

UEHRD အတွက် တရုတ်က ငွေကျပ်သိန်းနှစ်ထောင်လှူဒါန်း

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD) အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဒီဇင်ဘာလ (၇)ရက်နေ့က ငွေကျပ်သိန်းနှစ်ထောင် ပေးအပ်လှူဒါန်းခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Hong Liang နှင့်အဖွဲ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမတွင် လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းတွင် Cash for Work Program ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းစဉ်အား ကြိုဆိုထောက်ခံပါကြောင်း၊ ယခင် Assembled Board Houses အလုံး(၁၁၀၀) ကိုလည်း လှူဒါန်းထားပြီး ဖြစ်ပါကြောင်းနှင့် ပြန်လည်လက်ခံရေးလုပ်ငန်းများတွင် အသုံးပြု ဆောင်ရွက်နိုင်ရန်အတွက် Truck ကားများကိုလည်း ဆက်လက်လှူဒါန်းသွားမည်ဟုလည်း တရုတ်သံ အမတ်ကြီးက ဆိုသည်။

ဆက်လက်ပြီး  နိုင်ငံတကာစာမျက်နှာတွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်မှ ခိုင်ခိုင်မာမာ ဆက်လက် ရပ်တည်ပေးသွားမည်ဟုလည်း ပြောကြားခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယခုကဲ့သို့ လှူဒါန်းပေးသော တရုတ်ပြည်သူ့သမ္မတနိုင်ငံကို များစွာကျေးဇူးတင်ရှိကြောင်း၊ မိမိတို့နိုင်ငံဘက်မှ အမြဲထောက်ခံ ရပ်တည်ပေးနေခြင်းကိုလည်း လွန်စွာဝမ်းမြောက်ကြောင်း၊  မိမိတို့ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များအပြင် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင်လည်း လိုအပ်သောကူညီပံ့ပိုးမှုများကို ဆက်လက်ကူညီပေးသွားမည် ဆိုသည့်အတွက် ဝမ်းမြောက်ကြောင်း ဒေါက်တာဝင်းမြတ်အေးက ပြောဆိုခဲ့သည်။

၄ ကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - APM
May 11, 2026
ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်သော သက်လူမျိုးများသည် ယခုအခါ အာရက္ခပြည် ထူထောင်ရေး...
May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...