ဝန်ကြီးချုပ်များနှင့် NLD အမတ်များ အမှန်တကယ် အလုပ် လုပ်၊ မလုပ် လေ့လာသုံးသပ်ရေးအဖွဲ့ ဖွဲ့သွားမည်

ဝန်ကြီးချုပ်များနှင့် NLD အမတ်များ အမှန်တကယ် အလုပ် လုပ်၊ မလုပ် လေ့လာသုံးသပ်ရေးအဖွဲ့ ဖွဲ့သွားမည်

ဒေါက်တာ မျိုးညွန့် (Photo: Thura/Mizzima)

လက်ရှိ အာဏာရပါတီ NLD အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် NLD ပါတီဝင်များအပေါ်ကို လေ့လာသုံးသပ်ရေး အဖွဲ့ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ပြောသည်။

“သူကတော့ အဓိကတော့ ပကတိ အခြေအနေ မြေပြင်အခြေအနေကို ဆင်းပြီးတော့ ကြည့်မှာပါ။ သာမန်အဖွဲ့တွေ  အခုလောလောဆယ်မှာ အလုပ်အမှုဆောင်အဖွဲ့တွေက တင်နေတယ်။ လွှတ်တေ်ာကိုယ်စားလှယ်တွေက တင်နေတယ်။ တင်နေတဲ့ ဒီအစီရင်ခံစာတွေကနေပြီးတော့ ကျွန်တော်တို့ အဖွဲ့ချုပ်ရဲ့  ပကတိအခြေအနေကို မသိနိုင်ဘူး ။ အဲ့တော့ အောက်ခြေကိုပါ ဆင်းပြီးတေ့ာ ကျွန်တော်တို့ ပိုပြီးတော့ တိယအဖွဲ့တစ်ခုက ပြန်လည်သုံးသပ်ပြီးတော့ တင်ရင် ကျွန်တော်တို့ အဖွဲ့ချုပ်ရဲ့လုပ်ငန်းတွေ ဘယ်လောက် အောင်မြင်တယ် ။ မအောင်မြင်ဘူးသိရင် ကျွန်တေ်ာတို့ရဲ့ နည်းဗျူဟာတွေကို ချမှတ်နိုင်မှာပါ”ဟု ၄င်းကပြောသည်။

အဆိုပါ အဖွဲ့ကို လာမည့် ၂၀၁၉ ခုနှစ်တွင် စတင် အလုပ်လုပ်နိုင်ရန် ပြင်ဆင်နေပြီး တိုင်းနှင့်ပြည်နယ် အသီးသီးမှ အဖွဲ့ဝင် ၆ ဦးဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကာ  ဗဟိုကော်မတီမှ သုံးဦးနှင့် ကျန်ရှိသည့် သူများကို တိုင်းနှင့်ပြည်နယ်မှ လူငယ်များဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလ ၉ ရက်နေ့က နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာတွင် တစ်လလျှင် တစ်ကြိမ် ကျင်းပပြုလုပ်သည့် NLD CEC အစည်းအဝေးအပြီးတွင် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် NLD ပါတီဝင် ဝန်ကြီးချုပ်များနှင့် လွှတ်တေ်ာကိုယ်စားလှယ်များသည် နိုင်ငံရေးအရ ဆောင်ရွက်ချက်များကို သမ္မတရုံးထံသို့ လစဉ် အစီရင်ခံစာပေးပို့ရပြီး  ဝန်ကြီးချုပ်များသည် စီးပွားရေး၊ လူမှုရေးနှင့် ဝန်ကြီးချုပ် သုံးသပ်ချက် ဆိုသည့် အချက်များကို ပေးပို့ရကြောင်းသိရသည်။

လက်ရှိဖွဲ့စည်းမည့် ပါတီဝင်များအပေါ် လေ့လာသုံးသပ်ရေးအဖွဲ့သည့် ၄င်းတို့၏ အဆိုပါ  တစ်လစာ အစီရင်ခံစာများကို တကယ်မှန်၊ မမှန် လေ့လာကွင်းဆင်းသွားမည်ဖြစ်ကြောင်းကို NLD CEC ဒုတိယ ဥက္ကဋ္ဌ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

“သုံးချောင်းထောက်တိုင်နဲ့ သွားတာ။ ပါတီရယ်၊ လူငယ်ရယ်၊ အမျိုးသမီးရယ် အဲ့ဒီအပေါ်မှာ မူတည်ပြီးတော့ ဗဟိုနဲ့ တိုင်းနဲ့ တွဲစပ်ပြီးတော့ ဝန်ကြီးချုပ်တင် မကဘူး။ ဝန်ကြီးတွေပါ တကယ်ရော ကွင်းဆင်းရဲ့လား ၊ လွှတ်တေ်ာကိုယ်စားလှယ်တွေ နယ်မြေဒေသ ရောက်ခဲ့လား ၊ ဒီတိုင်း တင်လို့မရတော့ဘူး။ အဲ့အဖွဲ့က သွားပြီးတော့ မေးပြုပြီးတော့မှ သုံးသပ်မှာပေါ့နော်။ ဒါဆိုရင်တော့ ပိုပြီးတော့ ပြင်ဆင်ပြီးသား ဖြစ်နေလိမ့်မယ်ထင်ပါတယ်”ဟု ၄င်းက ပြောကြားသည်။

ယနေ့ အစည်းအဝေးတွင် ပါတီတွင်း စည်းကမ်းထိန်းသိမ်းရေး ကိစ္စ၊  လူငယ်ကိစ္စများ၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိစ္စများ၊ အလုပ်သမားရေးရာ ကိစ္စများ၊  ရှမ်းပြည်နယ်တွင်  ကျင်းပပြုလုပ်မည့် NLD အဖွဲ့ချုပ် စုံညီအစည်းအဝေးအတွက် CEC လုပ်ပေးရန်နှင့် ပါတီဝင်များအပေါ်လေ့လာသုံးသပ်ရေးအဖွဲ့ကို တိုင်းနှင့်ပြည်နယ်မှ ၆ ဦး တို့ဖြင့် ဖွဲ့စည်းပေးရန်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...