(၂၄ )နှစ်မြောက်DKBA နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပမည်

(၂၄ )နှစ်မြောက်DKBA နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပမည်
ဓာတ်ပုံ-သူရ/မဇ္ဈိမ
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ဖွဲ့စည်းခြင်း (၂၄) နှစ်မြောက်အထိမ်းအမှတ်ပွဲကို မြဝတီခရိုင်၊ ဆုံဆည်းမြိုင်ဒေသ၊ ဆုံပေါင်းမြိုင်ကွင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

DKBA ဖွဲ့စည်းခြင်း၂၄ နှစ်မြောက်သည့် ဒီဇင်ဘာ ၂၁ ရက် မနက် ၅ နာရီခန့်တွင် စစ်ရေးပြအခမ်းအနား များဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

“ အစီအစဉ်တွေကတော့ ကျွန်တော်တို့ DKBA တပ်မတော် စစ်ရေးပြလမ်းလျှောက်မယ်ပေါ့။ ၂၁ ရက်နေ့ မနက် ၅နာရီ၊ ၅နာရီခွဲပေါ့။ လက်ဝှေ့ပွဲလည်းရှိတယ်” ဟု DKBA (မြဝတီ) မှပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်မင်း ကဆိုသည်။

အဆိုပါအခမ်းအနားကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပြင် အစိုးရနှင့် တပ်မတော်မှ တာဝန်ရှိ သူများကိုလည်းဖိတ်ကြား သွားမည်ဖြစ်ကြောင်း ၄င်းကပြောသည်။ ထိုပွဲတွင် ဖျော်ဖြေရေးအစီအစဉ်များအပြင် ရိုးရာလက်ဝှေ့ပွဲကိုအခမ်းအနားနေ့မတိုင်မှီ ဒီဇင်ဘာ ၁၉ ရက်နေ့ကတည်းက ကျင်းပသွားမည်ဖြစ်ပြီး ၂၄ နှစ်မြောက်သည့် ဒီဇင်ဘာ ၂၁ တွင် နောက်ဆုံးပွဲစဉ်များကိုကျင်းပသွားမည်ဖြစ်ကြောင်းလည်းသိရသည်။

DKBA သည် ပြီးခဲ့သည့် ၁၉၉၄ ခုနှစ်က ကရင်အမျိုးသားအစည်းအရုံး(KNU) မှခွဲထွက်၍ အဖွဲ့အစည်း တည်ထောင်ခဲ့သည့်နေ့ကို အခမ်းအနားအဖြစ် နှစ်စဉ်ကျင်းပလာခဲ့ခြင်းလည်းဖြစ်သည်။ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA) သည် ၂၀၁၅ ခုနှစ်က အစိုးရနှင့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) ရေးထိုး ထားသည့် ကရင်လက်နက် ကိုင်အဖွဲ့တစ်ခုလည်းဖြစ်သည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...