ကိုးရီးယားသူအလောင်းအားတွေ့ရှိပါက ဆုငွေ ဒေါ်လာ ၅ ထောင်ချီးမြှင့်မည်ဟုဆွေမျိုးများကြေငြာ

ကိုးရီးယားသူအလောင်းအားတွေ့ရှိပါက ဆုငွေ ဒေါ်လာ ၅ ထောင်ချီးမြှင့်မည်ဟုဆွေမျိုးများကြေငြာ
Photo by – Website DVB/ နမ္မတူမြစ်အတွင်း မျောပါပျောက်ဆုံးနေသော ကမ္ဘာလှည့်ခရီးသွား ကိုးရီးယားသူ Miss Houng Young Heo
Photo by – Website DVB/ နမ္မတူမြစ်အတွင်း မျောပါပျောက်ဆုံးနေသော ကမ္ဘာလှည့်ခရီးသွား ကိုးရီးယားသူ Miss Houng Young Heo

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် နမ္မတူမြစ်အတွင်း မျောပါပျောက်ဆုံးနေသော ကမ္ဘာလှည့်ခရီးသွား ကိုးရီးယားသူအလောင်းအားတွေ့ရှိပါက ဆုငွေ ဒေါ်လာ ၅ ထောင်ချီးမြှင့်မည်ဟု သူမ ၏ ဆွေမျိုးများက ကြေငြာထားကြောင်းသိရသည်။

အသက် ၄၅ နှစ်အရွယ်ခန့်ရှိ Miss Houng Young Heo အမည်ရ ကိုးရီးယားသူတဦးသည် နို၀င်ဘာလ ၂၃ ရက်ကတည်းက သီပေါမြို့နယ်အတွင်း နမ္မတူမြစ်အတွင်း ရေဆင်းဆော့ရာမှ ပျောက်ဆုံးသွားခဲ့သည်။

သီပေါမြို့နယ် ကျားခေါင်းပါတီအတွင်းအရေးမှူး စိုင်းလောဝ်ဆိုင်က – ဟုတ်ပါတယ် ဆုငွေ ဒေါ်လာ ၅၀၀၀ ပေးမယ်လို့ ကြေငြာထားပါတယ်။ တကယ်တော့ သူပျောက်ဆုံးသွား ကတည်းက ဒေသခံတွေရော အာဏာပိုင်တွေရော လူမှုကူညီရေးအသင်းအဖွဲ့တွေရော နေ့တိုင်းရှာဖွေနေပါတယ်။ ကနေ့အထိရှိဖွေနေတုန်းပါ- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

ဒီဇင်ဘာလ ၁ ရက်နေ့က နမ္မတူမြစ်အတွင်း ချောင်းဆုံအနီး ပုပ်ပွပျက်စီးနေသောအလောင်းတလောင်းတွေ့ရှိခဲ့ကြောင်း နယ်စည်းမခြား ပရဟိတ လူမှုကူညီရေးအဖွဲ့က ကိုမျိုးကပြောသည်။

အဆိုပါအလောင်းအား ဆေးရုံတွင် DNA စစ်ဆေးခဲ့ပြီးနောက် ပျောက်ဆုံးနေသော ကိုးရီးယားသူ၏အလောင်းမဟုတ်ကြောင်း လွန်ခဲ့သော ၃ လ ကတည်းကရေနစ်သေဆုံးခဲ့သော အမျိုးသားတဦး၏ အလောင်းဖြစ်ကြောင်းဆေးစစ်ချက်ထွက်ရှိလာခဲ့သည်။

ပျောက်ဆုံးသူအမျိုးသမီးမှာ ကိုးရီးယားနိုင်ငံ လေယာဉ်ပြုပြင်ရေးဌာနမှ အင်ဂျင်နီယာ ဖြစ်ကြောင်း နိုဝင်ဘာ ၂၃ ရက်က နိုင်ငံခြားသားအဖော် ၅ ဦးနှင့်အတူ ရေဆင်းကစားရာမှ ရေနှင့်မျောပါကာ ပျောက်ဆုံးသွားခြင်းဖြစ် ကြောင်း၊ ၄င်းရေနစ်သည့်နေရာသည် သီပေါမြို့နှင့်မိုင် ၄၀ ကျော်အကွာ ကန့်သတ်ထား သည့်နေရာ တွင်ဖြစ်ကြောင်း သိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...