နှစ်နိုင်ငံနယ်စပ်မျဉ်းတွင် နေထိုင်ကြသူများထံ ကြက်ခြေနီအဖွဲ့ သွားမည်

နှစ်နိုင်ငံနယ်စပ်မျဉ်းတွင် နေထိုင်ကြသူများထံ ကြက်ခြေနီအဖွဲ့ သွားမည်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်မျဉ်းတွင် နေထိုင်ကြသူများထံ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) တို့ သွားရောက်မည်ဟု ဒီဇင်ဘာလ ၂ ရက်နေ့တွင် မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ကြက်ခြေနီလှုပ်ရှားမှုအကြောင်း ရှင်းလင်းပွဲက သိရသည်။

အဆိုပါနေရာသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ကူညီနေသည့် ICRC အဖွဲ့ကိုခေါ်ယူကာသွားမည်ဖြစ်သည်။ လက်ရှိမှာ ချစ်ကြည်ရေးတံတားဖက်ကသွားရောက်နိုင်ရေး တင်ပြမည်ဟု မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူက ပြောသည်။

" ကျွန်မတို့ နှစ်နိုင်ငံနယ်စပ်မျဉ်းမှာ တရားမဝင်နေထိုင်နေကြသူတွေနဲ့ ပထမအကြိမ် သွားတွေ့ပြီးပါပြီ။ ခြံစည်းရိုး ဒီဖက်က ပါ။သူတို့ကို ဘာတွေလိုအပ်မလဲ မေးတယ်။ သူတို့က ဘာမှ မလိအပ်ပါဘူးလို့ပြောတယ်။ အခု ဒုတိယအကြိမ်မှာ သူတို့နေထိုင်တဲ့ နေရာအထိသွားမယ်။ ဘင်္ဂလားဒေ့ရှ်ဖက်က ထောက်ပံ့နေတဲ့ ICRC အဖွဲ့ကိုပါခေါ်မယ်။ သူတို့နဲ့ ဒုတိယအကြိမ် သွားဆွေးနွေး မှာပါ။ ချစ်ကြည်ရေးတံတားဖက်က သွားရောက်နိုင်ဖို့ သွားခွင့်တောင်းသွားမှာပါ”ဟု ၎င်းကဆိုသည်။

ယင်းနေရာတွင် နေထိုင်ကြသူများအတွက် ကျန်းမာရေး၊သောက်သုံးရေနှင့် စားနပ်ရိက္ခာများ လူသားချင်း စာနာထောက်ထားမှုအကူအညီများပေးနိုင်ရန်အတွက် သွားရောက်မည်ဟု ဒေါက်တာဒေါ်မြသူက ပြောသည်။

"သူတို့မှာ ဘာတွေလို အပ်သလဲ။ အဓိက ကျန်မာရေး သောက်သုံးရေ စားနပ်ရိက္ခာ စတဲ့ လူသားချင်းစာနာထောက်ထားမူအကူအညီေတွ ပေးနိုင်ဖို့ မြန်မာအစိုးရရဲ့ ညွှန်ကြားချက်ကြောင့် သွားရောက်မှာဖြစ်တယ်။ ဟိုဘက်နိုင်ငံမှ ထောက်ပံ့မူပြုနေတဲ့ ICRC မှတစ်ဆင့် စာရွက်စာတမ်းတွေ လက်မှတ်ထိုးလွဲပြောင်းလွဲယူမယ်" ဟု ၎င်းက ဆိုသည်။

အဆိုပါ ဘင်္ဂါလီများမှာ ပြီးခဲ့သည့်နှစ်က မောင်တောဒေသတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ထွက်ပြေးတိမ်းရှောင်သွားခဲ့သူများပြီး ဘင်္ဂါလီများအား မြန်မာဘက်က အကူအညီပေးမည့် အစီအစဉ်များနှင့်ပတ်သတ်၍ မောင်တော ဒေသခံ ၃၀၀ ဦးက စက်တင်ဘာလအတွင်းမှာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

 သူတို့သည် အစိုးရအား ဆန့်ကျင်ပြီး မြန်မာနိုင်ငံအတွင်းမှ ထွက်ခွာသည့် ဘင်္ဂါလီများဖြစ်သောကြောင့် ကူညီရေး မပြုလုပ်ရန် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

၄ ကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - APM
May 11, 2026
ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်သော သက်လူမျိုးများသည် ယခုအခါ အာရက္ခပြည် ထူထောင်ရေး...
May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...