ကျောက်မဲမြို့နယ် နွားကားထပ်မံ ပစ်ခတ်ခံရ

ကျောက်မဲမြို့နယ် နွားကားထပ်မံ ပစ်ခတ်ခံရ
Photo by – Phyo Wai/ U Tin Maung Thein – နို၀င်ဘာလ ၂၉ ရက်ညက ကျောက်မဲမြို့တွင် ပစ်ခတ်ခံရသော နွားတင်ကား
Photo by – Phyo Wai/ U Tin Maung Thein – နို၀င်ဘာလ ၂၉ ရက်ညက ကျောက်မဲမြို့တွင် ပစ်ခတ်ခံရသော နွားတင်ကား

သျှမ်းပြည်နယ် ကျောက်မဲမြို့ စခန်းသာ ကျေးရွာ အနီး ပြည်ထောင်စု လမ်းမပေါ် တွင် ယမန်နေ့ ည ၉ နာရီဝန်း ကျင်က နွားတင်ဆောင်လာသည့် ကားပစ်ခတ်မှုခံရသဖြင့် ယာဉ်မောင်းတဦးနှင့် ယာဉ်နောက်လိုက် ၂ ဦး ဒဏ်ရကြောင်း သိရ သည်။

ဖြစ်စဉ်မှာ ယမန်နေ့ တွင် တရုတ်နယ်စပ်သို့ ပို့ဆောင်မည့် နွားများတင်လာသည့် ကုန်ကား ၅ စီးသည် ကျောက် မဲမြို့နှင့် ၆ မိုင်ခန့် ဝေးကွာသည့် စခန်းသာကျေးရွာ အနီးတွင် ပစ်ခံရကြောင်း၊ နွားကားများ နောက်တွင် တပ်မ တော် လုံခြုံရေး ကားတစီးကပ်ပါလာသဖြင့် လက်နက်ကိုင်နှင့် တပ်မတော်တို့ ထိတွေ့မှု အနည်းငယ်ဖြစ်ပွား ခဲ့သေး ကြောင်း ကျောက်မဲမြို့ ဇီဝိတ လူမှုကူညီရေးအသင်း မှ ဦးတင်မောင်သိန်း က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“တိုင်းရင်းသားလက်နက်ကိုင်ကတော့ ဘယ်အဖွဲ့ဆိုတာ မသိဘူး။ ရှေ့ဆုံးနွားကားပဲ ပစ်ခံရတာ။ ကားသမား ကတော့ လက်မောင်းနဲ့ နားထင် သေနတ်မှန်တယ်။ ကျန် ယာဉ်နောက်လိုက် ၂ ဦးက ခြေထောက်ထိသွားတယ်” ဟု ဦးတင်မောင်သိန်း က ဆိုသည်။

သေနတ်ထိမှန်သည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့၏ ဒဏ်ရာမှာ စိုးရိမ်စရာ မရှိကြောင်းလည်း ဦးတင်မောင်သိန်း က ထပ်လောင်းပြောသည်။

ကျောက်မဲမြို့နယ် အတွင်း နွားတင်ကားပစ်ခံရမှုသည် ဇွန် ၁၂ ရက်နေ့တွင် တကြိမ်ဖြစ်ပွားကာ ယာဉ်မောင်းတဦး နှင့် ယာဉ်နောက်လိုက် တဦး ဒဏ်ရာရ၊ ဇွန် ၂၉ ရက်နေ့တွင် တကြိမ်၊ နိုဝင်ဘာ ၅ရက်တွင် နွားတင်လာသည့် သုံးဘီး ဆိုင်ကယ် တစီးပစ်ခံရပြီး ဆိုင်ကယ်သမား ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းသိရသည်။

May 28, 2026
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး...
May 27, 2026
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် ရွာငံမြို့နယ် အောင်ပန်းမြို့နှင့် ပင်လောင်းဒေသဘက်များတွင်...
May 26, 2026
သျှမ်းပြည်၊ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က ကျေးရွာလမ်းမများနှင့် စစ်ဆေးရေးဂိတ်များတွင်...
May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...