ဆိပ်ကမ်းမြို့နယ်မှ အနိုင်ရကိုယ်စားလှယ်နှင့် တပ်မတော်သားကိုယ်စားလှယ်တို့ တိုင်းလွှတ်တော်တွင် ကတိသစ္စာပြု

ဆိပ်ကမ်းမြို့နယ်မှ အနိုင်ရကိုယ်စားလှယ်နှင့် တပ်မတော်သားကိုယ်စားလှယ်တို့ တိုင်းလွှတ်တော်တွင် ကတိသစ္စာပြု
ယနေ့ ရန်ကုန်တိုင်းလွှတ်တော် ကျင်းပနေစဉ်။ ဓာတ်ပုံ-ရန်ကုန်တိုင်းဝန်ကြီးချုပ်ပေ့ချ်
ယနေ့ ရန်ကုန်တိုင်းလွှတ်တော် ကျင်းပနေစဉ်။ ဓာတ်ပုံ-ရန်ကုန်တိုင်းဝန်ကြီးချုပ်ပေ့ချ်

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ်(အမှတ် ၂) မှအနိုင်ရရှိခဲ့သော  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးအောင်နှင့် တပ်မတော်သားကိုယ်စားလှယ် ၆ ဦးတို့သည် ရန်ကုန်တိုင်းလွှတ်တော်တွင် လက်မှတ်ရေးထိုးကတိသစ္စာပြုခဲ့ကြသည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၈)ကို နိုဝင်ဘာ ၂၉ ရက် နေ့တွင်ကျင်းပခဲ့ပြီး ကိုယ်စားလှယ်အသစ်များ ကတိသစ္စာပြုခဲ့ကြခြင်းလည်းဖြစ်သည်။

 “ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေ အခန်း၄၊ ပုဒ်မ ၁၈၊ ပုဒ်မခွဲ (ခ) အရ ယနေ့ ကျင်းပသည့်လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌ၏ ရှေ့မှောက်၌ ကတိသစ္စာပြုပြီး လက်မှတ် ရေးထိုးရမှာဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက လွှတ်တော်တွင် ကြေငြာခဲ့ခြင်းလည်းဖြစ်သည်။

 ဆိပ်ကမ်းမြို့နယ်မှ အနိုင်ရခဲ့သည့် ပြည်ခိုင်ဖြိုးပါတီဝင် ဦးနေမျိုးအောင်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီး ၂၀၁၈ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၌ ပြန်လည်အနိုင်ရခဲ့သူ ဖြစ်သည်။ထို့အပြင် ပြည်ခိုင်ဖြိုးပါတီမှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးအောင်ကို ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုဖြင့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်သို့ NLD ပါတီဘက်မှ ကန့်ကွက်လွှာတင်သွင်းရန်ရှိနေကြောင်းလည်း သိရသည်။

 ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် တာမွေမဲဆန္ဒနယ်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဆိပ်ကမ်းမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်တွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပခြင်းဖြစ်ပြီး ဆိပ်ကမ်း မြို့ နယ်မဲဆန္ဒနယ်သည် ကိုယ်စားလှယ် ၉ဦး အထိဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် မဲဆန္ဒနယ်လည်းဖြစ်သည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...