နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ရာတွင် ငွေကြေးတောင်းခံမှုများအတွက် မေးခွန်းထုတ်

နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ရာတွင် ငွေကြေးတောင်းခံမှုများအတွက် မေးခွန်းထုတ်

နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ရာတွင် ငွေကြေးတောင်းခံမှုများနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ငပုတောမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇော်ရွှေက မေးခွန်းမေးမြန်းခဲ့သည်။

“လွှတ်တော်ကိုယ်စားလှယ်ရုံးသို့ ကျေးရွာအုပ်စုတစ်ခုမှ တူဝကြီးနှစ်ဦး ရောက်ရှိလာပါသည်။ ရောက်ရှိသည့် အကြောင်းမှာ နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရာတွင် ငွေကြေး တောင်းခံခြင်းကြောင့် ဖြစ်ပါသည်။ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ တာဝန်ရှိသူတစ်ဦးက နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရန် အတွက် ငွေကျပ်နှစ်သောင်းပေးရမည်ဟု တောင်းပါသည်။ နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်သော ကာယ ကံရှင်က ရဝဝဝအထိပေးသော်လည်း မရသဖြင့် လွှတ်တော်ကိုယ်စားလှယ်ရုံးသို့လာရောက်အကူအညီ တောင်း ခံခြင်းဖြစ်ပါသည်။ ကျွန်တော့်အနေဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက တောင်းသော ငွေကျပ် နှစ်သောင်းအား ကာယကံရှင်များထံ ပေးပါသည်။ကာယကံရှင်များက အဆိုပါ ငွေကျပ် နှစ်သောင်း အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန တာဝန်ရှိသူထံပေးမှ နိုင်ငံသားစိစစ်ရေး ကတ်ပြား ရရှိပါသည်”ဟု ငပုတော မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဖြိုးဇော်ရွှေက တိုင်းလွှတ်တော် တွင် ပြောကြားခဲ့သည်။

 ထို့ကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြားလျှောက်ထားခြင်း၊လဲလှယ်လျှောက်ထားခြင်း၊ ပျောက်ဆုံးပျက်စီး မိတ္တူလျှောက်ထား ခြင်းများပြုလုပ်ရာတွင် အဆင်ပြေချောမွေ့စေရန် မည်သို ့စီမံဆောင်ရွက်ထားပြီး၊ လုပ်ပိုင် ခွင့်ကိုအလွဲသုံးစားလုပ် ငွေကြေးတောင်းခံသော လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရုံးဦးစီးဌာန တာဝန်ရှိသူများကိုမည့်ကဲ့သို ့ အရေးယူဆောင်ရွက်သွားမည်ကို သိလိုကြောင်း ငပုတောမြို့နယ်မှ တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ်ဦးဖြိုးဇော်ရွှေက ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် နိုဝင်ဘာလ၂၈ရက် နေ့က မေးမြန်းခဲ့သည်။

“ငပုတောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ဦးစီးဌာနရုံးတွင် ငွေကြေးကောက်ယူမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ ့စည်းဆောင်ရွက်လျက်ရှိပြီး၊ငွေကြေးတောင်းခံသည့် ဝန်ထမ်းအဆင့် အမည်များကိုတိတိကျကျ ဖော်ပြတိုင်ကြားလာပါက စည်းမျဉ်းစည်းကမ်းနှင့်အညီ ထိထိရောက်ရောက် အရေး ယူ ဆောင်ရွက်သွားမည် ဖြစ်ပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်က ပြန်လည် ဖြေကြားခဲ့သည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...