ငွေဆောင်ကမ်းခြေဆင်း လမ်းများ အကောင်အထည်ဖော်နေမှုကို လွှတ်တော်တွင် မေးခွန်းထုတ်

ငွေဆောင်ကမ်းခြေဆင်း လမ်းများ အကောင်အထည်ဖော်နေမှုကို လွှတ်တော်တွင် မေးခွန်းထုတ်

ငွေဆောင်ကမ်းခြေဆင်းလမ်းများ အကောင်အထည်ဆောင်ရွက်နေမှုအား တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သူထွေးက ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် မေးခွန်း ထုတ်ခဲ့သည်။

“ကမ်းခြေဆင်းလမ်း ၅နေရာဖော်ဆောင်ဖို႔ဆိုပြီး စီမံချက်ချပြီး ကွင်းဆင်းကြည့်ပါတယ်။တင်ပြချက်အရ လက်ရှိ ပိုင်ဆိုင်ထားတဲ့ ဟိုတယ်လုပ်ငန်းရှင်တွေမှာ သူတို ့ပိုင်ဆိုင်ထားတဲ့ သတ်မှတ်ဧကထက် ပိုနေတာကို လည်းတွေ့ ရတယ်။ ပိုတဲ့ဧက တွေရှိနေလျက်သားနဲ ့ကမ်းခြေဆင်းလမ်းနေရာတွေကို ၂၀၁၈၊နိုဝင်ဘာလရောက်တဲ့အထိ ပြန်လည်မဖော်ဆောင်ရွက်နိုင်သေးတာကို မေးခွန်းထုတ်စရာဖြစ်ပါတယ်” ဟု ပုသိမ်မြို့နယ် အမှတ်(၂) တိုင်း ဒေသကြီး ကိုယ်စားလှယ်ဦးအောင်သူထွေးက မဇ္စျိမသို ့ပြောသည်။

ငွေဆောင်ကမ်းခြေဆင်းလမ်း အမှတ်၂၊၃၊၄များအား မည်သည့်အချိန်တွင် ဆောင်ရွက်သွားနိုင်မည့် အခြေအနေ အားသိရှိလိုကြောင်း ပုသိမ်မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးအောင်သူထွေးက နိုဝင်ဘာလ ၂ရရက်နေ့တွင်ပြုလုပ်သော ဒုတိယအကြိမ်မြောက် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ၁၄ကြိမ်မြောက် ပုံမှန် အစည်းအဝေး ပဥ္စမနေ့၌ မေးခွန်းမေးမြန်းခဲ့ခြင်းဖြစ်သည်။

 “သက်ဆိုင်ရာဌာနတွေက လုပ်ငန်းစဉ်များကိုဆောင်ရွက်တဲ့အခါမျိုးမှာ တိကျတဲ့သတ်မှတ်တဲ့ မူဝါဒနဲ့ အညီ ညွန်ကြားချက်များနှင့်အညီ အလေးအနက်ဆောင်ရွက်ပြီးတဲ့အခါ အချိန်နဲ ့တပြေးညီဆောင်ရွက်နိုင်ဖို့ဆိုတာ အင်မတန်ကို လိုအပ်နေတယ်ဆိုတာကို ထောက်ပြခြင်းဖြစ်ပါတယ်” ဟု ပုသိမ်မြို့နယ် တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးအောင်သူထွေးက ပြောသည်။

ငွေဆောင်ကမ်းခြေတွင် ကမ်းခြေဆင်းလမ်းအဖြစ် ကမ်းခြေဆင်းလမ်းအမှတ်(၁)နှင့်အမှတ် ၅ကိုသာ အသုံးပြု နေရပြီး ကျန်အမှတ်၂၊၃၊၄များမှာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုမရှိသေးကြာင်း သိရှိရသည်။

 “တိုင်းဒေသကြီးအစိုးရ၏ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေအဖြစ်ပြန်လည်ရောက်ရှိခြင်းမရှိသေးတဲ့ မြေများဖြစ်နေတဲ့ အပြင် ကမ်းခြေဆင်းလမ်းများကို အကောင်အထည်ဖော်ရမယ့် ဘဏ္ဍာငွေရရှိမှုအခြေအနေက အများကြီး လိုအပ်ပါတယ်။ အဲဒီအခြေအနေအားလုံး ပေါင်းစပ်ရရှိမှသာလျှင် ကမ်းခြေဆင်းလမ်း ၂၊၃၊၄ကို ဆက်လက်ပြီး အောင်အောင်မြင်မြင် အကောင်အထည်ဖော်သွားနိုင်မှာဖြစ်ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီးစည်ပင် သာယာရေးဝန်ကြီးဦးကျော်မြင့်က ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် ပြန်လည်ဖြေဆိုခဲ့သည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...