ကွမ်းသီးစျေး ထက်ဝက်ခန့် ကျဆင်းနေ၍ ကွမ်းသီးစိုက်တောင်သူများ ချေးငွေပြန်ဆပ်ရန် ခက်ခဲနေ

ကွမ်းသီးစျေး ထက်ဝက်ခန့် ကျဆင်းနေ၍ ကွမ်းသီးစိုက်တောင်သူများ ချေးငွေပြန်ဆပ်ရန် ခက်ခဲနေ

ပြီးခဲ့သည့် မိုးရာသီကာလအတွင်း ရာသီဥတုဆိုးဝါး၍ ကွမ်းပင်များ ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး၊ သီးထွက်နှုန်းပါ ကျဆင်းခဲ့သည့်အပြင် ယခုနှစ်မှာ ကွမ်းသီးစျေး ထက်ဝက်နီးပါး အောက်သို့ ကျဆင်းနေ၍ ကွမ်းသီးစိုက် တောင်သူများမှာ ချေးငွေများကို ပြန်ဆပ်နိုင်ခြင်း မရှိတော့ဘဲ အခက်အခဲအချို့ ဖြစ်ပေါ်နေကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသခံ တောင်သူအများစုမှာ ကွမ်းသီးပင်များကို အများဆုံး စိုက်ပျိုးခြင်း ဖြစ်ပြီး၊ ဒုတိယမှာ ရော်ဘာနှင့် သီဟိုဠ်စေ့ ပင်များကို စိုက်ပျိုးခြင်းဖြစ်ကြောင်း ယင်းဒေသရှိ တောင်သူများထံမှ သိရသည်။

“ ဒီမှာက လက်ရှိအနေအထားမှာဆိုလျှင် တောင်သူတွေ ဥယျာဉ်ခြံ စိုက်တဲ့ အထဲမှာ ကွမ်းပင်ပေါ့။ ကွမ်းပင် ကတော့ အများဆုံးပါပဲ။  ဒီအထဲမှာမှ တစ်နှစ်ပတ်လုံးစာအဖြစ် မိုးတွင်းမှာ စားဝတ်နေရေးနှင့် ကလေးတွေ ကျောင်းတက်ဖို့အတွက် မြိတ်မှာရှိတဲ့ ကွမ်းသီးအဝယ်ဒိုင်တွေ ဆီကနေပြီး၊ ကြိုတင်ငွေတွေကို အတိုးနဲ့ ချေးယူရပါတယ်၊ ပြီးခဲ့သည့် နှစ်ကဆိုလျှင် ရာသီအစမှာ ၅၀၀၀ မှ ၅၀၀၀ ကျော်အထိ စျေးကောင်း ရပါတယ်၊ ချေးငွေတွေလည်း ပြန်ဆပ် နိုင်ကြပါတယ်၊ ဒီနှစ်ကတော့ ရာသီ အစမှာဘဲ ၃၀၀၀ လောက်ပဲ ရတော့ ထပ်ပြီးလည်း ကျဦးမယ်လို့ သိရတော့ ဒီနှစ်တော့ ချေငွေတွေကို ၉၀ % နှုန်းလောက် ပြန်မဆပ်နိုင်တဲ့ တောင်သူတွေ များနေတယ်” ဟု ပြည်ကြီးမဏ္ဍိုင်မြို့နယ်၊ ထင်းမယ်ကျေးရွာနေ ကွမ်းသီးစိုက် တောင်သူ ဦးလွင်လွင်ဦးက ပြောသည်။

တနင်္သာရီတိုင်းအတွင်း ပြီးခဲ့သည့် မိုးရာသီ၌ ရေကြီးရေလျှံမှုကို ဆိုးဆိုးဝါးဝါး လနှင့်ချီ၍ ဖြစ်ပွားခဲ့ပြီး၊ ကွမ်းပင် များလည်း အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း တောင်သူများထံမှ သိရသည်။

“အရင်က စိုက်ထားတာတွေက စားဖို့သောက်ဖို့လောက်ပဲ ရပါတယ်၊ ပြီးခဲ့တဲ့မိုးရာသီမှာ အပင်တွေကလည်း သေတော့ အခု ခြံကို ထပ်ချဲ့ပြီး ပြန်စိုက်နေရတော့ ချေးငွေက ပြန်မဆပ်နိုင်တဲ့အပြင် သိန်း ၅၀ ခန့်ကို အကြွေး တင်နေပါတယ်” ဟု ထင်းမယ်ကျေးရွာနေ တောင်သူ ဒေါ်တင်ကြည်က ပြောသည်။

ကွမ်းသီးစိုက်တောင်သူများသည်၊ ကွမ်းသီးအဝယ်ဒိုင်ထံမှ ကြိုတင်ငွေအဖြစ် နှစ်စဉ်တောင်သူတစ်ဦးလျှင် ချေးငွေ သိန်း ၂၀ မှ ၅၀ အထိ ချေးယူလေ့ရှိပြီး၊ လစဉ် အတိုးနှုန်းကိုတော့ ၁ သိန်းကို ၃၀၀၀ ကျပ်ဖြစ် ပေးသွင်းရပြီး၊ ကွမ်းသီးပေါ်ချိန်တွင်ကာလပေါက်စျေးဖြင့် စျေးဖြတ်ကာ ပြန်ဆပ်လေ့ရှိကြောင်း တောင်သူများ ထံမှ သိရသည်။

ယခုနှစ် ကွမ်းသီးစျေးကျသွားခြင်းမှာ အိန္ဒိယနိုင်ငံနယ်စပ် တမူးဘက်မှ အဝယ်ရပ် သွားခြင်းကြောင့်ဖြစ်ကြောင်း မြိတ်မြို့ပေါ်ရှိ အဝယ်ဒိုင်များထံမှ သိရှိရသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...