MNA အမောင်းသင်လေယာဉ်တစ်စင်း ရှေ့ဘီးထောက်တိုင်ကျိုးကာ မတော်တဆမှု ဖြစ်

MNA အမောင်းသင်လေယာဉ်တစ်စင်း ရှေ့ဘီးထောက်တိုင်ကျိုးကာ မတော်တဆမှု ဖြစ်

မွန်ပြည်နယ်၊ မော်လမြိုင်လေဆိပ်တွင် နိုဝင်ဘာလ ၂၇ ရက် နံနက်ပိုင်းက မြန်မာ့အမျိုးသားလေကြောင်းလိုင်း (MNA) မှ အမောင်းသင်လေယာဉ်တစ်စီးသည် မော်လမြိုင်လေဆိပ်သို့ ဆင်းသက်ရာတွင် ရှေ့ဘီးထောက်တိုင် ကျိုးကာ လေယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

လေ့ကျင့်ရေးပြုလုပ်ရန် လေယာဉ်မှူး ၅ ဦး၊ လေယာဉ်မယ် ၄ ဦးဖြင့် ရန်ကုန်လေဆိပ်မှ မော်လမြိုင်လေဆိပ်သို့ အမြင့်ပေ ၇၀၀၀ ဖြင့် ပျံသန်းလာသော Cessna Grand XY-AMB လေယာဉ်ဖြစ်ကြောင်း  မော်လမြိုင်လေဆိပ်မန်နေဂျာ ဦးလှဦးက ပြောသည်။

“လေယာဉ်က လေ့ကျင့်ရေးယာဉ်တွေပေါ့။ ရန်ကုန်က ၈ နာရီ ၄၇ မိနစ်မှာ တက်လာတယ်။အမြင့်ပေ ၇၀၀၀ နဲ့ ပျံသန်းလာတယ်။ မော်လမြိုင်လေဆိပ်ရောက်တာ ၉ နာရီ ၂၈ မိနစ်ပါ။ အဆင်းမှာ တောင်ဘက်ပြေးလမ်း 04 ဘက်နေ ဆင်းတယ်။ဆင်းတဲ့ခါ ပြေးလမ်းထိပြီးတော့ ဘယ်ဘက်ကို ဆွဲပြီး မြက်ခင်းပြင်မှာ ရပ်သွားတာ။ ရှေ့ဘီးကျိုးသွားပြီး ဦးစိုက်မှုဖြစ်သွားတာ။  ပန်ကာတွေတော့ ကွေ့ကောက်သွားတယ်။” ဟု ၄င်းကပြောသည်။

အဆိုပါလေယာဉ်ပေါ်တွင် ခရီးသည်များပါဝင်မှုမရှိဘဲ လေ့ကျင့်မှုပြုလုပ်ရန်အတွက် လေယာဉ်မှူးများနှင့် လေယာဉ်မောင်/မယ်များသာပါဝင်ကာ လူထိခိုက်မှုမရှိကြောင်းထုတ်ပြန်ထားထားသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း( MNA )သည် အပတ်စဉ် တနင်္လာနေ့တိုင်း  မော်လမြိုင်လေဆိပ်မှ ကော့သောင်း၊ မော်လမြိုင်မှ ရန်ကုန်မြို့များသို့ ပျံသန်းပြေးဆွဲလျက်ရှိကြောင်း သိရသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...