မောင်မောင်စိုး ရေးသားသည့် " မြောက်ဦးစစ်တမ်း" စာအုပ် အမျိုးသားစာပေဆု (နိုင်ငံရေးစာပေဆု) ရရှိ

မောင်မောင်စိုး ရေးသားသည့် " မြောက်ဦးစစ်တမ်း" စာအုပ် အမျိုးသားစာပေဆု (နိုင်ငံရေးစာပေဆု) ရရှိ

တိုင်းရင်းသား အရေးလေ့လာသုံးသပ်သူ စာရေးဆရာ မောင်မောင်စိုး ရေးသားသည့် “မြောက်ဦး စစ်တမ်း ” စာအုပ် ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု(နိုင်ငံရေးစာေပဆု) ရရှိသွားကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။

အဆိုပါစာအုပ်သည် ရခိုင်ပြည်နယ်၏ ရေမြေသဘာဝ၊ လက်ရှိရခိုင်ပြည်နယ်၏ အခြေအနေ၊ မြို့နယ်အလိုက် လူမှု စီးပွားအခြေအနေ၊ နိုင်ငံရေး လှုပ်ရှားမှုများ၊ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ၊ ဘင်္ဂါလီအရေးတို့ကို မြေပြင်သို့ ကွင်းဆင်းကာ (၇ ) လကြာရေးသားပြီး ၂၀၁၇ ခု၊ ဒီဇင်ဘာလတွင် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

“ကျနော်က ဒီဟာတွေ မရေးခင်ကတည်းက တိုင်းရင်းသားအရေး၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ရေးတာ များတယ်။ ရေးတာများတဲ့အခါကျတော့ တိုင်းရင်းသား ပြည်နယ်တစ်ခု၊ လူမျိုးတစ်ခုကို အခြေတည်ပြီး ရေးတာ ကောင်းမယ်ဆိုပြီး စဉ်းစားမိတဲ့အခါမှာ တိုက်တိုက်ဆိုင်ဆိုင် ရခိုင်ပြည်နယ်ကို ရွေးလိုက်တာပေါ့ ”ဟု မြောက်ဦး စစ်တမ်းစာအုပ် ရေးဖြစ်ပုံကို စာရေးဆရာ မောင်မောင်စိုးက ရှင်းပြသည်။

မြောက်ဦးစစ်တမ်းတွင် ရခိုင်လူမျိုးတို့သည် နှစ်ထောင်ချီသော သမိုင်းတွင် သီးခြားပဒေသရာဇ် နိုင်ငံတော် အဖြစ် ရပ်တည်ခဲ့သော အခြေအနေများ၊ ရခိုင်ဘုရင် မဟာသမ္မတရာဇာမင်းလက်ထက်တွင် မြန်မာဘုရင် ဘိုးတော် ဘုရားက မြောက်ဦးထီးနန်းကို သိမ်းပိုက်သည့်အကြောင်း၊ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့များအေကြာင်း၊ ရခိုင့်နိုင်ငံရေးပါတီများ၏အေြခအနေ၊ ပြည်နယ်အစိုးရနှင့် ပြည်နယ် လွှတ်တော်တို့၏ အခြေအနေတို့ကိုလည်း ရေးသားထားသောကြောင့် အာဏာရှင်အစိုးရလက်ထက်ဆိုလျှင် ယခုကဲ့သို့ အမျိုးသားစာပေဆု ရရှိရန် မဖြစ်နိုင်ဟု စာရေးဆရာ ဦးမောင်မောင်စိုးက ဆိုသည်။

“နည်းနည်း ခေတ်ပြောင်းလာတာပေါ့ဗျာ။ NLD အစိုးရတက်လာတယ်။ ဘာပဲပြောပြော၊ ဒီမိုကရေစီ အတော်အသင့် ရတယ်ဆိုတာကို ဖော်ပြတာဖြစ်ပါလိမ့်မယ်။ စစ်အစိုးရ လက်ထက်ဆိုရင် ဒါမျိုးက ရဖို့ မလွယ်ဘူးပေါ့။ မဖြစ်နိုင်ဘူး။ ရဖို့တော့မဟုတ်ဘူး။ စာပေစိစစ်ရေးက ထုတ်ဖို့တောင် ခွင့်ပြုမှာ မဟုတ်ဘူး ထင်ပါတယ် ” ဟု ၎င်းကပြောသည်။

အမျိုးသားစာပေဆုကို ယခင်က ကျပ်သုံးသိန်းချီးမြှင့်ခဲ့ရာမှ အဆင့်ဆင့်တိုးမြှင့်ပေးခဲ့ရာ ၂၀၁၃ ခုနှစ်တွင် ကျပ် ၁၅ သိန်းတိုးမြှင့်ပေးခဲ့ပြီး ယခုနှစ်တွင် ကျပ် ၂၅ သိန်း တိုးမြှင့်ချီးမြှင့်သွားမည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Most read this week

December 9, 2025
စစ်ကောင်စီ ထိန်းချူပ်ထားဆဲဖြစ်သည့် စစ်တွေမြို့က အခြေခံလက်လုပ်လက်စားနှင့် မွတ်ဆလင်များကို...
Photo credit - Women Generation
December 4, 2025
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှုများကို  ဒေသတွင်း...
December 3, 2025
လက်ရှိ စပါးပေါ်ရာသီ၌ ရခိုင်ပြည်အတွင်း စပါးဈေးကွက် မရှိသည့်အပြင် စပါးကုန်သည်များ၏ အခြင်အတွယ်...
December 2, 2025
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၇၀၀...