စာအုပ်ထုတ်ဝေသူများ၊ စာအုပ်ဆိုင်များနှင့် စာပေတိုက်များအတွက် အကောင်းဆုံးဆုများ ချီးမြှင့်

စာအုပ်ထုတ်ဝေသူများ၊ စာအုပ်ဆိုင်များနှင့် စာပေတိုက်များအတွက် အကောင်းဆုံးဆုများ ချီးမြှင့်

၂၀၁ရခုနှစ်အတွက် အကောင်းဆုံးစာအုပ်ထုတ်ဝေဆု၊ အကောင်းဆုံးစာအုပ်ဆိုင်ဆု၊ တစ်သက်တာ စာပေတိုက်ဆုများကို မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းမှ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထုတ်ဝေသူများ၊ စာအုပ်ဆိုင်များနှင့် ပတ်သက်သည့် ဆုများမရှိသည့်အတွက် မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းမှ ယခုကဲ့သို့ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးမြင့်ထွန်း ကပြောသည်။

 "လုပ်ရတဲ့ရည်ရွယ်ချက်က အမျိုးသားစာပေဆုလိုမျိုး စာပေဆုတွေရှိတယ်။ နောက်တစ်ခြားစာပေဆုတွေရှိ တယ်။ ထုတ်ဝေသူနဲ့ပတ်သက်တဲ့ စာပေဆုမျိုးမရှိဘူး။ တခြားစာအုပ်အရောင်းဆိုင်နဲ့ ပတ်သက်တဲ့ ဆုမျိုးမရှိ ကြဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းလည်းဖြစ်တဲ့အခါကျတော့ ကျွန် တော်တို့အသင်းကနေပြီး ဒီဆုတစ်ဆုပေးတာ ပိုပြီးသင့်တော်တယ်ထင်တယ်။ အဲဒီအတွက် အားလုံးတိုင်ပင်ပြီး တော့ ဒီဆုကိုစပြီး ကျွန်တော်တို့ ပေးခဲ့ပါတယ်" ဟု ဦးမြင့်ထွန်း ကပြောသည်။

 အဆိုပါ ဆုချီးမြှင့်ပွဲနှင့် တတိယအကြိမ် အမှုဆောင်ရွေးချယ်တင်မြောက်ပွဲ နှစ်ပတ်လည်အစည်းအဝေးကို နိုဝင် ဘာ ၂၄ရက်က ရန်ကုန်မြို့ Orchid ဟိုတယ်တွင် ကျင်းပခဲ့သည်။

 ၂၀၁ရခုနှစ်အတွက် အကောင်းဆုံးစာအုပ်ထုတ်ဝေဆုကို နှင်းဆီဖြူစာအုပ်တိုက်၊ အကောင်းဆုံး စာအုပ်အ ရောင်းဆိုင်ဆုကို ထွန်းဦးစာပေ(မန္တလေး) နှင့် တစ်သက်တာ စာပေတိုက်ဆုကို မန္တလေး လူထုစာအုပ်တိုက်တို့ က အသီးသီးရရှိခဲ့သည်။

 "ကျွန်တော်တို့စာအုပ်တိုက်က ဒီနှစ်ဆိုရင် နှစ် ၈ဝပြည့်ပြီ။ ၁၉၃၈က စခဲ့တယ် ၂၀၁၈ဆိုတော့ နှစ် ၈ဝပြည့်ပါ တယ်။ နှစ် ၈၀ အတွင်းမှာ ကျွန်တော်တို့မှီတဲ့အနေအထားမှာကို ရုန်းကန်ခဲ့ရတာအများကြီးပါ။ ဒီဆုရတဲ့အတွက် ဝမ်းသာပါတယ်" ဟု မန္တလေး လူထုစာအုပ်တိုက်မှ ကိုအောင်ဘာလေ ကပြောသည်။

 မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းကို ၂၀၁၂ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ပြီး ယခုဆုချီးမြှင့်ခြင်း သည် ၅ကြိမ်မြောက်ဖြစ်ကာ ဆုတစ်ဆုလျှင် ကျပ် သုံးသိန်းချီးမြှင့်ခဲ့ကြောင်း သိရသည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...