ရွှေတိဂုံစေတီတော် ရွှေစင်ပြားများ၏ ရွှေပါဝင်မှုအတွက် သာသနာရေး ရှင်းလင်း

ရွှေတိဂုံစေတီတော် ရွှေစင်ပြားများ၏ ရွှေပါဝင်မှုအတွက် သာသနာရေး ရှင်းလင်း

ရွှေတိဂုံစေတီတော်၏ ကြာမှောက်ကြာလန် ဧရိယာတွင်ရှိသော နမူနာရွှေစင်ရွှေပြားများကို ပြန်လည် သန့်စင် ရာတွင်ရွှေပါဝင်မှု ၉၈ ဒသမ ၉၁ရာခိုင်နှုန်းရှိနေသည်ဟူသော သတင်းများအတွက်  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဖြေရှင်းမှုများ ပြုလုပ်ခဲ့သည်။

လူမှုကွန်ရက် အင်တာနက် စာမျက်နှာပေါ်တွင် ရွှေတိဂုံစေတီတော်၏ ကြာမှောက်ကြာလန်ဧရိယာမှ နမူနာ ရွှေစင်ပြားများကို ပြန်လည် သန့်စင်ရာတွင် ရွှေပါဝင်မှု  ၉၈ ဒသမ ၉၁ရာခိုင်နှုန်းအထိ ရှိကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး အဆိုပါရာခိုင်နှုန်းမှာ ဘုရား၏ ကြာမှောက်ကြာလန် ဧရိယာတစ်ခုလုံးတွင်ရှိသော ရွှေစင်ပြား များ၏ ရလဒ်မဟုတ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက နိုဝင်ဘာ ၂၄ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါရလဒ်သည် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အောက် ကြာနု ဧရိယာတွင် ပူဇော်ထားသော ရွှေစင်ရွှေပြား ၃၉၂၁ ချပ်အနက်ရွှေပြား ၉ချပ်၏ ရလဒ်အဖြေသာ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ရွှေတိဂုံစေတီတော်ကြီး၏ ကြာမှောက်ကြာလန်တွင် ကပ်လှူထားသော မည်းနေသည့် ရွှေစင်ပြား များကိုဖြုတ်ချကာ သိမ်းဆည်းပြီး ပညာရှင်အဖွဲ့များနှင့် အဆင့်ဆင့် စစ်ဆေးသန့်စင်ကာ ရရှိလာသော ရွှေ အလေးချိန်ကို မှတ်တမ်းတင်ထားမည်ဟုလည်း ရေးသားထားသည်။

ထို့အပြင် ဘုရာကြီးရှိ မည်းနေသော ရွှေစင်ပြားမျာကိုသာ ကွက်၍ ဖြုတ်ချ လဲလှယ်မည်ဆိုပါက အသစ်ကပ်လှူ ပူဇော်မည့် ရွှေပြားများ၏ အရောင်နှင့် မူလ ကပ်လှူပူဇော်ထားသော ရွှေပြားများ၏ အရောင်များသည် မတူညီ သောကြောင့် ကြည်ညိုသပ္ပါယ်မှု အားနည်းနိုင်သဖြင့်  ညီညာမှုရှိစေရန် အရန်အသင့်ပြုလုပ်ထားသော ရွှေစင်ပြား များနှင့် အစားထိုးကပ်လှူပူဇော်ရမည်ဟု ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ယခုအချိန်တွင် ရွှေတိဂုံစေတီတော်အား ရွှေသင်္ကန်းကပ်လှူရန် ၀ါးငြမ်းဆင်နေသည့် ကာလဖြစ်ပြီး ကြာမှောက်ကြာလန်ဧရိယာတစ်ခုလုံး၏ ရွှေစင်ပြားများကို အစားထိုးရန် အသင့်တော်ဆုံး အချိန်ဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...