မူဆယ်ကလုပ်ငန်းရှင် သုံးဒါဇင်ခန့်ကို အခွန်သွင်းရန် လက်နက်ကိုင်တချို့ အကြောင်းကြား

မူဆယ်ကလုပ်ငန်းရှင် သုံးဒါဇင်ခန့်ကို အခွန်သွင်းရန် လက်နက်ကိုင်တချို့ အကြောင်းကြား

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့ရှိ လုပ်ငန်းရှင်များအား အခွန်ငွေ ပေးသွင်းရမည်ဟု ဆိုကာ လက်နက်ကိုင်အဖွဲ့အချို့က အကြောင်းကြားထားသည်ဟု မဇ္စျိမမှ စုံစမ်းသိရှိရသည်။

၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာနှစ်အတွက် အခွန်ငွေကောက်ခံသည်ဟု ဆိုသည့် ထိုအကြောင်းကြားစာကို ၎င်းမြို့ရှိ ဖုန်းအရောင်းဆိုင်များနှင့် စတိုးဆိုင်များ အပါအဝင် လုပ်ငန်းရှင်တစ်ချို့အား နိုဝင်ဘာ ပထမသီတင်းပတ် ကတည်းက ဖြန့်ဝေထားခြင်း ဖြစ်သည်ဟု အကြောင်းကြားစာ လက်ခံရရှိထားသည့် လုပ်ငန်းရှင်တစ်ချို့က ဆိုသည်။

"ဘာအဖွဲ့အစည်းတွေမှန်းလည်း မသိဘူး။ အခု သိန်း ၃၀ ပေးရမယ်ပြောတယ်။ မပေးရင် သိတဲ့အတိုင်းပဲ။ ဘယ်မှလည်း မတိုင်ရဲဘူး။ တစ်ခုခုလုပ်မှာစိုးရိမ်ရတယ်။" ဟု အမည်မဖော်လိုသည့် ဖုန်းအရောင်းဆိုင် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အကြောင်းကြားစာ တစ်ခုတွင်မူ နိုဝင်ဘာ ၂၅ ရက်နေ့ နောက်ဆုံးထား၍ ကွတ်ခိုင်ခရိုင် အုပ်ချုပ်ရေးမှူးရုံး၊ အကောက်ခွန်ဌာနခွဲသို့ လာရောက်ပေးဆောင်ရမည်ဟု ဖော်ပြပါရှိသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကွတ်ခိုင်ခရိုင် အုပ်ချုပ်ရေးရုံး၊ အကောက်အခွန်ဌာနခွဲသို့ မဇ္ဈိမက အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပေ။

နောက်ဆုံးသတ်မှတ်ထားသည့်ရက်တွင် ပေးဆောင်ရန်ခက်ခဲနေသည့် လုပ်ငန်းရှင်တစ်ချို့မှာလည်း စိုးရိမ်းမှုများ ရှိနေကြသည်။

"ဒီဘက်မှာက ဆက်ကြေးမပေးရင် ဗုံးထောင်တာတွေ ဘာတွေရှိတော့ ဆက်ကြေးလာတောင်းရင် မတိုင်ရဲကြဘူး။ သွားပေးနေရတယ်။"ဟု အခွန်ငွေ လာရောက်ပေးသွင်းရန် အကြောင်းကြားစာ လက်ခံရရှိ ထားသည့် လုပ်ငန်းရှင်တစ်ဦးက မဇ္စျိမသို့ ပြောသည်။

မဇ္စျိမ၏ စုံစမ်းမှုများအရ အခွန်ငွေပေးသွင်းရန် ထိုသို့ အကြောင်းကြားစာအား ယခု နိုဝင်ဘာလ ၂ ရက်နေ့ ကတည်းက လက်ခံရရှိထားသူများမှာ မူဆယ်မြို့တွင် လုပ်ငန်းရှင် ၃၀ ဦးထက်မနည်း ရှိနေသည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...