မောင်တောတွင် ရိတ်သိမ်းဆဲစပါးခင်းများကို တောဆင်ရိုင်းများ ဝင်ရောက်ဖျက်ဆီး

မောင်တောတွင် ရိတ်သိမ်းဆဲစပါးခင်းများကို တောဆင်ရိုင်းများ ဝင်ရောက်ဖျက်ဆီး

မောင်တောမြို့နယ်တောင်ပိုင်း၊ လောင်းဒုံကျေးရွာတွင် တောင်သူများ၏ ရိတ်သိမ်းဆဲ စပါးခင်းများကို တောဆင်ရိုင်းများ ဝင်ရောက်ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။

လောင်းဒုံကျေးရွာတွင် စပါးစိုက်ခင်း ဧက ၂၀၀ ကျော်ရှိပြီး ဆင်များ ဝင်ရောက်ဖျက်ဆီးမှုကြောင့် ထက်ဝက်ခန့် ပျက်ဆီးသွားပြီဟု ဆိုကြသည်။ ယခင်ကဆိုလျှင် တောဆင်ရိုင်းများ ဝင်ရောက်ဖျက်ဆီးစဉ် ဒေသခံများက ဗြောက်အိုးဖောက် ခြောက်လန့်ခဲ့ကြသောကြောင့် တောဆင်ရိုင်းများ ထွက်ပြေးသွားသွားကာ စပါးပျက်စီးမှု နည်းပါးခဲ့သည်။

သို့သော် ယခု တောဆင်ရိုင်းများ ဝင်ရောက်ဖျက်ဆီးစဉ်တွင် နယ်မြေရဲစခန်းက ဗြောက်အိုးဖောက် ခြောက်လန့်ခွင့် မပေးတော့ပေဟု လောင်းဒုံဒေသခံ ကိုကျော်ဝင်းက ဆိုသည်။

“ နယ်မြေစခန်းကလည်း ဗြောက်အိုးမဖောက်ရ အမိန့်ထုတ်ထားပါတယ်။ ဗြောက်အိုးဖောက်ပြီး ခြောက်လှန်ဖို့ကလည်း မလွယ်ပါ။ ပထမအကြိမ် ဆင်တွေဝင်လာတော့ ဗြောက်အိုးဖောက်ပြီး ခြောက်လှန်ခဲ့ကြရပါတယ်။ အခုခွင့်မပြုလို့ပါ။ နယ်မြေစခန်းကလည်း သေနတ်နဲ့ ခြောက်လန့် ပစ်မပေးပါဘူး။ မနေ့ကဆို ဘုန်းကြီးကျောင်းထဲက ငှက်ပျောပင်တွေကို ဝင်စားသွားတယ်။ အခု လူစုပြီး ညအချိန် လိုက်နေကြ ရပါတယ်" ဟု ၎င်းက ပြောသည်။

အလားတူ ရန်အောင်ပြင်ကျေးရွာတွင်လည်း တောဆင်ရိုင်းများ ဝင်ရောက်ဖျက်ဆီးမှုကြောင့် လယ် ဧက ၂၀ခန့် ပျက်ဆီးသွားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းနိုင်ဝင်းက ပြောသည်။

 " သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းကြားထားပါတယ်။ သူတို့လည်း ဘာတတ်နိုင်မလဲ။ လူစုပြီး ကိုယ့်လယ်ကို ကိုယ်စောင့်ဖို့ပဲ ပြောပါတယ်” ဟု ၎င်းက ဆိုသည်။

တောဆင်ရိုင်း ဝင်ရောက်မှုကြောင့် စပါးခင်းများ ပျက်စီးသွားသည့် ကျေးရွာများမှာ လောင်းဒုံ၊ ငန်းချောင်း၊ အောင်ဇေယျ၊ အောင်မင်္ဂလာ၊ ရန်အောင်ပြင်နှင့် ငွေတောင် စသည့် ကျေးရွာများဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ (၂၅) ရက်၊ ည (၉) နာရီအချိန်ခန့်တွင် မောင်တောမြို့နယ်မြောက်ပိုင်း ငန်းချောင်းကျေးရွာတွင် တောဆင်ရိုင်း (၉)ကောင် ဝင်ရောက်လာ၍ ရွာသားများက မီးတုတ်များဖြင့် ဝိုင်းဝန်းခြောက်လန့်ခဲ့ရသည်။ ယင်းအပြင် ငန်းချောင်းနယ်ခြားစောင့် စခန်းဘက်ကို ရောက်ရှိလာ၍ နယ်ခြားစောင့်တပ်မှ သေနတ် အချက်(၂၀)ခန့် မိုးပေါ်ထောင်ပစ်ကာ ခြောက်လန့်ခဲ့ရသည်။

၄ ကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - APM
May 11, 2026
ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်သော သက်လူမျိုးများသည် ယခုအခါ အာရက္ခပြည် ထူထောင်ရေး...
May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...