မောင်တောတွင် ထုတ်ပြန်ထားသော ညမထွက်ရအမိန့်ကို ရုပ်သိမ်းဖို့ မရှိသေး

မောင်တောတွင် ထုတ်ပြန်ထားသော ညမထွက်ရအမိန့်ကို ရုပ်သိမ်းဖို့ မရှိသေး

ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို မောင်တောဒေသတွင် လုံးဝ ပြန်လည်အေးချမ်းလာမှသာ ရုပ်သိမ်း သွားမည်ဟု မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကပြောဆိုလိုက်သည်။

ရခိုင်ပြည်နယ် အကြမ်းဖက်ဖြစ်စဉ်များ စတင်ဖြစ်ပွားခဲ့သည့် မောင်တောတွင် ညမထွက်ရအမိန့် ထုတ်ထားသည်မှာ အချိန်ကာလအားဖြင့် ၆ နှစ်ကျော် လာပြီလည်းဖြစ်သည်။

“ ထုတ်တာက အုပ်ချုပ်ရေးကထုတ်တာပေါ့။ ဒါပေမယ့် လုံခြုံရေး (နယ်ခြားစောင့်ရဲ) နဲ့ကျွန်တော်တို့ ညှိနှိုင်းကရတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်တော် တို့ အချိန်တွေဆုတ်ပေးခဲ့တယ်။ အကုန်လုံး ရုပ်သိမ်း သင့်ပြီဆိုရင်တော့ ရုပ်သိမ်းသွားပါမယ်။ လုံးဝအေးချမ်းသွားပြီဆိုရင်တော့ ပြန် ရုတ်သိမ်းမှာပါ “ ဟု ဦးစိုးအောင်ကပြောသည်။

ညမထွက်ရအမိန့်ပုဒ်မ ၁၄၄ ကို ၂၀၁၂ ခုနှစ် ပဋိပက္ခများ စတင်ဖြစ်ပွားချိန်မှစတင်ကာ လုံခြုံရေး အခြေအနေ များအရ လိုအပ်သလို တိုးလျော့ သတ်မှတ်ပေးနေခဲ့ခြင်းလည်းဖြစ်သည်။

ည ၆နာရီမှ မနက် ၆နာရီ အတွင်းအပြင်မထွက်ရသတ်မှတ်ထားခဲ့ရာမှာ ည ၈နာရီမှ မနက် ၆ နာရီသို့ ဖြေလျော့ပေးခဲ့ပြီး ယနေ့အချိန် မောင်တောဒေသတွင် ည ၁၀ နာရီမှ မနက် ၅ နာရီအထိ ဖြေလျော့ လာခဲ့ခြင်းလည်းဖြစ်သည်။

“ ၁၀ နာရီရှေ့ကိုပြန်တိုးဖို့တော့မရှိဘူး။ တဖြည်းဖြည်းနဲ့ လျော့လျော့သွားတာပဲရှိတယ် ဒါမျိုးက။ လုံခြုံရေး အရ ဖြစ်စဉ်တွေဖြစ်မလာဘူးလို့တော့ ဘယ်သူမှ ပြောလို့မရဘူး။ ဖြစ်စဉ်တွေဖြစ်လာရင်တော့လည်း တစ်မျိုး ပြန်ဖြစ်ရင်ဖြစ်သွားမှာပေါ့” ဟု မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကပြောသည်။

ညမထွက်ရအမိန့်ကို ပြန်မရုပ်ရသေးခြင်းမှာ ဘင်္ဂလားဒေ့ရှ်မှ ပြန်ဝင်လာသူများ၏ လုံခြုံရေးအတွက်ပါ ပါဝင် ကြောင်းလည်း ၄င်းကဆိုသည်။ ထို့အပြင်အကြမ်းဖက်မှုများဖြစ်ပွားခဲ့သည့် ၂၀၁၇ ခုနှစ်နောက်ပိုင်းမှ စတင်ကာ လုံခြုံရေးရဲတပ်ဖွဲ့အင်အားကိုလည်း တိုးမြှင့်ထားပြီး လုံခြုံရေး၊ နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားသည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...