ရန်ကုန်တိုင်းတွင် MSMEs စီပွားရေးလုပ်ငန်းရှင် သုံးသောင်းကျော်ဖြင့် လည်ပတ်နေဟု ဝန်ကြီးချုပ်ဆို

ရန်ကုန်တိုင်းတွင် MSMEs စီပွားရေးလုပ်ငန်းရှင် သုံးသောင်းကျော်ဖြင့် လည်ပတ်နေဟု ဝန်ကြီးချုပ်ဆို

ရန်ကုန်တိုင်းဒေသကြီး အဓိကစီးပွားရေးသည် အသေးစား၊ အငယ်စားနှင့် အလတ်စား စီပွားရေးလုပ်ငန်းများ (MSMEs) ဖြစ်ပြီး စာရင်းပေးသွင်းထားသူဦးရေ သုံးသောင်းကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကပြောသည်။

"Digital နည်းပညာတွေအသုံးပြုပြီး စာရင်းပြုစုထားတာရှိပါတယ်။ စာရင်းပေးသွင်းထားသူဦးရေ သုံးသောင်း ကျော်ရှိပါတယ်။ လုပ်ငန်းရှင် သုံးသောင်းကျော် လည်ပတ်နေတဲ့ တိုင်းကြီးဖြစ်ပါတယ်။ ဒီအပြင်ပိုမိုများပြားတဲ့ အရေအတွက်ရှိနိုင်ပါတယ်" ဟု ဦးဖြိုးမင်းသိန်း ကပြောသည်။

အသေးစား၊ အငယ်စားနှင့် အလတ်စား စီပွားရေးလုပ်ငန်းများ (MSMEs) သတ္တမအကြိမ် ဒေသတွင်းထုတ် ကုန်ပြပွဲနှင့် ပြိုင်ပွဲကို နိုဝင်ဘာ ၁၆ ရက် က ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် Fortune Plaza တွင် ကျင်းပခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးသည် မြန်မာနိုင်ငံတွင် လူဦးရေအများဆုံးနေထိုင်ပြီး စီးပွားရေးလုပ်ငန်းအများစု အခြေချ တည်ရှိသည့် ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်ခြင်းကြောင့် ရန်ကုန်မြို့သည် (MSMEs) လုပ်ငန်းများ၏ ကုန်သွယ်မှု ဝန် ဆောင်မှု ကုန်ထုတ်လုပ်မှုများ စျေးကွက်ရပ်ဝန်းဖြစ်ကြောင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဒုတိယ သမ္မတ(၁) ဦးမြင့်ဆွေ ကပြော ကြားသည်။

ယခုကဲ့သို ပြပွဲများကျင်းပခြင်းကြောင့် ဒေသတွင်း ထုတ်ကုန်များ စျေးကွက်ရရှိပြီး နည်းပညာလိုအပ်ချက်များ ပေါင်းစပ်ဖလှယ်မှုများပြုလုပ်နိုင်မည်ဟု ပြပွဲတွင် ဝင်ရောက်ပြသသော REPASSA ကုမ္ပဏီမှ မန်းနေဂျင်းဒါရိုက် တာ ဦးဇာနည်မောင်မောင် ကပြောသည်။

"နိုင်ငံတွင်းမှာ ထုတ်တဲ့ထုတ်ကုန်တွေမှာ အချင်းချင်းစျေးကွက်တွေရရှိဖို့အတွက်ကော နောက်ပြီးပြည်တွင်း ကော ပြည်ပကော ရန်ကုန်ဆိုရင် တစ်ခုအားသာတာ ဒီဘက်မှာ နိုင်ငံခြားသံရုံးတွေ နိုင်ငံခြား စီးပွားရေးအဖွဲ့ အစည်းတွေ ရှိတယ်။ လုပ်ငန်းရှင်တွေလည်းများတယ်" ဟု ဦးဇာနည်မောင်မောင် ကပြောသည်။

သတ္တမအကြိမ်မြောက် ကျင်းပသော အဆိုပါပြပွဲတွင် ပြခန်းစုစုပေါင်း ၃၁၂ခန်းပါဝင်ပြသထားပြီး ဝန်ကြီး ဌာနပြခန်း ၈ခန်း ပါဝင်ကြောင်းသိရသည်။  ပထမအကြိမ်ဒေသတွင်းထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို မန္တလေးမြို့တွင် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီ ၂၃ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...