ရခိုင်အရေးတွင် မြန်မာကိုထောက်ခံကြောင်း တရုတ်ဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံစဉ် ပြော

ရခိုင်အရေးတွင် မြန်မာကိုထောက်ခံကြောင်း တရုတ်ဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံစဉ် ပြော

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်ဝန်ကြီးချုပ် Li Keqiang တို့ နိုဝင်ဘာ ၁၅ ရက်က တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

စင်ကာပူမှာ ပြုလုပ်တဲ့ အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ  အစည်းအဝေးတွေရဲ့ ဘေးပန်းပြင်ပမှာ အဆိုပါခေါင်းဆောင်နှစ်ဦး သီးခြားတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

တရုတ်နဲ့ မြန်မာ ဆိုတာက ချစ်ကြည်ရင်းနှီးပြီးသား အိမ်နီးချင်းတွေ ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်တာ ၆၈ နှစ် ရှိခဲ့ပြီးနောက်ပိုင်း ပေါက်ဖော် ချစ်ကြည်မှုက ဆက်လက် ခိုင်မာနေဆဲဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ်က ဆွေးနွေးသွားပါတယ်။

ဒါ့အပြင် လက်ရှိ ရခိုင်ကိစ္စကို ပြေလည်အောင် ဖြေရှင်းဖို့ မြန်မာအစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့အကြား ညှိနှိုင်းတိုင်ပင်ဆွေးနွေးမှုတွေနဲ့အတူ ကြိုးစားဆောင်ရွက်နေမှု အခြေအနေနှင့် ပြည်တွင်းရေး တည်ငြိမ်အောင် ထိန်းသိမ်းဆောင်ရွက် အားထုတ်နေမှုတွေအပေါ်မှာလည်း တရုတ်အစိုးရဘက် ထောက်ခံပါကြောင်း ၎င်းက ပြောသွားပါတယ်။ ဒါနဲ့ပတ်သက်လို့ လိုအပ်တဲ့ အကူအညီတွေ ပံ့ပိုးပေးချင်ပါကြောင်းလည်း ၎င်းက ပြောသွားပါတယ်။

တရုတ်၊ မြန်မာနှစ်နိုင်ငံစလုံးအနေနဲ့ စီးပွားရေး တိုးတက်ဖို့၊ ပြည်သူတွေရဲ့ လူနေမှုဘဝတွေကို မြှင့်တင်ပေးနိုင်ဖို့အတွက် လုပ်ဆောင်ကြရမှာဖြစ်ကြောင်းလည်း ၎င်းက ထပ်လောင်းပြောသွားပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း နှစ်နိုင်ငံအကြား ခိုင်မာတဲ့ချစ်ကြည်ရင်းနှီးမှုတစ်ရပ်ရှိထားပါကြောင်း ပူးပေါင်းဆောင်ရွက်မှုတွေအတွက် အတူလက်တွဲလုပ်ဆောင်သွားလိုပါကြောင်း ပြောဆိုဆွေးနွေးသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကို အကြိမ်ပေါင်းများစွာ ကူညီပေးခဲ့တဲ့အတွက်ရော၊ အထူးသဖြင့် မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ရခိုင်ကိစ္စမှာ နားလည်မှု ရှိစွာ ထောက်ခံအားပေးခဲ့တဲ့အတွက် တရုတ်အစိုးရကို ကျေးဇူးတင်ပါကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသွားတယ်လို့ သိရပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...