အာဆီယံနိုင်ငံတွေအကြား E-commerce ဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုး

အာဆီယံနိုင်ငံတွေအကြား E-commerce ဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုး

အရှေ့တောင်အာရှဒေသတွင်းမှာ နယ်စပ်ဖြတ်ကျော် e-commerce အရောင်းအဝယ်ကိစ္စတွေကို ယခင်ထက် ပိုမို အဆင်ပြေလွယ်ကူသွားစေနိုင်မယ့် သဘောတူညီချက်တစ်ရပ်ကို နိုဝင်ဘာ ၁၂ ရက်က အာဆီယံစီးပွားရေးဝန်ကြီးတွေ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ စာချုပ်အတွက် ဆွေးနွေးမှုတွေကို ယမန်နှစ် ဇွန်လကတည်းက စတင်ခဲ့ရတာဖြစ်ပြီး ကိုးကြိမ်မြောက် ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ဆောင်အပြီးမှာတော့ ယခုလို သဘောတူစာချုပ် ချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ စာချုပ်ဟာ အာဆီယံအုပ်စုရဲ့ ပထမဆုံးသော e-commerce ဆိုင်ရာ သဘောတူညီချက်လည်း ဖြစ်ပါတယ်။

ချုပ်ဆိုလိုက်တဲ့ အဆိုပါစာချုပ်အရဆိုရင် နယ်စပ်ဖြတ်ကျော် e-commerce အရောင်းအဝယ်လုပ်ငန်းတွေကို အဆင်ပြေလွယ်ကူသွားစေဖို့ ရှိတဲ့အပြင် အဖွဲ့အတွင်း e-commerce ဆိုင်ရာ အသုံးချလုပ်ကိုင်မှုပိုင်းမှာ ယုံကြည်စိတ်ချရမှုပိုင်းကိုပါ တိုးတက်အောင် နှိုးဆွပေးနိုင်ဖို့ ရည်ရွယ်တယ်ဆိုပြီး စင်ကာပူ ကုန်သွယ်ရေးနဲ့ စက်မှု ဝန်ကြီး Chan Chun Sing က ပြောသွားပါတယ်။

၁၇ ကြိမ်မြောက် အာဆီယံ စီးပွားရေး အသိုက်အဝန်း AEC ကောင်စီ အစည်းအဝေးရဲ့ ဘေးပန်းပြင်ပမှာ သီးခြား လုပ်ဆောင်တဲ့ လက်မှတ်ရေးထိုးမှုအခမ်းအနားမှာ ၎င်းက အထက်ပါအတိုင်း ပြောဆိုသွားတာဖြစ်ပါတယ်။

ဒါ့အပြင် ယခု စာချုပ်ကို ချုပ်ဆိုခြင်းအားဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမို နက်ရှိုင်းသွားစေဖို့ ရှိနေကြောင်းလည်း သိရပါတယ်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...