ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂၀၂ဝအတွက် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေအပါအဝင် မည်သူနှင့်မျှ ညှိနှိုင်းမထားဟု NLD ပြော

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂၀၂ဝအတွက် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေအပါအဝင် မည်သူနှင့်မျှ ညှိနှိုင်းမထားဟု NLD ပြော

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လာမယ့် ၂၀၂၀ တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ အပါအဝင် မည်သူနှင့်မျှ  ညှိနှိုင်းထားခြင်းမရှိကြောင်း အာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဒုဥက္ကဋ္ဌ ၁ ဒေါက်တာဇော်မြင့်မောင်က ပြောကြားလိုက်သည်။

၂၀၂ဝအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသန်းရွှေတို့ စည်းဝါးကိုက်ထားသည်ဟူသည့် ခေါင်းစဉ်ဖြင့် ယခုလ ၉ရက်ထုတ် မြန်မာသံတော်ဆင့် ဂျာနယ်တွင် ဖော်ပြထားမှုအပေါ် ဒေါက်တာဇော်မြင့်မောင်က ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

“ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ညှိနှိုင်းထားတယ်ဆိုတာ မဟုတ်ဘူးနော်။ ဒါ ယုန်ထင်၊ ကြောင်ထင်ဖြစ်အောင် လုပ်တာဗျ။ လူထု ယုံထင်ကြောင်ထင်ဖြစ်အောင် ၂၀၂ဝမှာ ကျွန်တော်တို့ ညှိထားတယ်ဆိုတဲ့ဟာ ကျွန်တော်တို့အတွက်တော့ ဒါ သက်ရောက်မှု ကြီးတယ်နော်။ ဒါမဟုတ်ဘူး။ မညှိထားဘူး။ ဘယ်သူနဲ့မှ မညှိထားဘူး” ဟု ယနေ့ညနေပိုင်းက နေပြည်တော်တွင်ပြုလုပ်သည့် စီအီးစီ အစည်းအဝေးအပြီးတွင် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အကြား ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်သဘောတူညီမှု ရှိထားကြောင်း၊ ၂၀၂၀ သမ္မတလောင်းကိုပင် ကြိုတင် လျာထားကြောင်းနှင့် ၂၀၂ဝတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အငြိမ်းစားပေး၍ သမ္မတတင်မြောက်မည်ဟု ထင်မြင်ကြောင်း မြန်မာသံတော်ဆင့် ဂျာနယ်က ကြံခိုင်ရေးဗဟိုသင်တန်း အမှတ်စဉ်(၁)ဆင်း ဦးသန်းမြတ်စိုးဆိုသူ၏ ပြောကြားချက်ကို ကိုးကားပြီး ဖော်ပြခဲ့သည်။

ဒေါက်တာဇော်မြင့်မောင်က “အဲ့ဒါမဟုတ်ဘူးဗျ။ သံတော်ဆင့်အနေနဲ့ သက်သေလုပ်ဖို့ကောင်းတာ ကျွန်တော်တို့ စီအီးစီလည်း မေးလို့ရတာပဲ။ မဟုတ်ဘူးဗျ။ ဒါ ကျွန်တော်တို့ကို ပြည်သူလူထုက ယုံထင်ကြောင်ထင် ဖြစ်သွားနိုင်တယ်လေဗျာ။ အဲ့ဒါက အဓိပ္ပာယ် မရှိဘူးဗျ” ဟု မီဒီယာများကို ပြောကြားသည်။

NLD အနေဖြင့်မူ ယခုလ ၃ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲကို သင်ခန်းစာယူပြီး ၂၀၂ဝအတွက် ကြိုတင်ပြင်ဆင်သွားမည်ဟုလည်း ၎င်းက ပြောဆိုသည်။

မဲဆန္ဒနယ် ၁၃နေရာ ယှဉ်ပြိုင်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အာဏာရ NLD ပါတီက ၁ဝနေရာ အနိုင်ရရှိရန် မျှော်မှန်းခဲ့သော်လည်း ရနေရာသာ အနိုင်ရရှိခဲ့သည်။ ကျန် မဲဆန္ဒနယ်များကို အတိုက်အခံပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၃နေရာ၊ တိုင်းရင်းသားပါတီများက ၂နေရာနှင့် တသီးပုဂ္ဂလက ၁နေရာ အသီးသီး အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...