ဖားကန့်မြို့ လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင် စာအုပ်စျေးရောင်းပွဲတော် ကျင်းပ

ဖားကန့်မြို့ လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင် စာအုပ်စျေးရောင်းပွဲတော် ကျင်းပ
by -
ဘုန်းနိုင်ဖြိုး

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊မော်ဝမ်းရပ်ကွက်ရှိ လွတ်လပ်ရေး ကျောက်တိုင်ကွင်းတွင် ယနေ့ခေတ် လူငယ်နှင့် ကလေးငယ်များ စာဖတ်နှုန်းတိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ကလေးစာပေပြပွဲနှင့် ရှားပါး စာအုပ် (သုတ၊ရသ)နှင့် သင်ထောက်ကူများ စာအုပ်စျေးရောင်းပွဲတော် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။

 စာအုုပ်စျေးရောင်းပွဲတော်တွင် ရန်ကုန်မြို့ရှိ စာအုပ်တိုက် (၂၃)ခုမှ စာအုပ်ဆိုင်ခန်း(၂၃)ဆိုင်ဖြင့် ဖွင့်လှစ် ရောင်းချပြီး အခြားဗဟုတုရရှိမည့် အရာများကိုလည်း ခင်းကျင်းပြသထားကြောင်း စာအုပ်စျေးရောင်းပွဲတော်ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဖာကန့်မြို့နယ်ရုံးနှင့် စာပေပြန့်ပွားရေးတို့မှ ပူးပေါင်းကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

 " ကလေးတွေရော လူငယ်တွေရော စာအုပ်၊စာပေတွေကနေသုတ၊ရသ ရမယ်။ အခုလိုပွဲတွေကနေ စာအုပ် တွေနဲ့ ထိတွေ့ခွင့်ရမယ်။ နောက်ပြီး စာဖတ်တဲ့ အလေ့အထတွေ ရလာအောင် စာအုပ်ရောင်းပွဲတော်တွေ လုပ် ပေးတာ။ စာဖတ်တဲ့ အလေ့အကျင့်လုပ်ပေးမှ စာဖတ်တဲ့ အလေ့အထဖြစ်လာမှာပါ။ အဲ့ဒီကနေ ဝါသနာပါရင် သုတ၊ရသစာအုပ်တွေကို ဖတ်လာတဲ့အခါ လူ့အဖွဲ့အစည်းအတွက် လူတော်တင် မဟုတ်ဘူး။ လူကောင်းတွေပါ ပေါ်ထွက်လာမယ် " ဟု ဖားကန့်မြို့နယ်မှ အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်မှ မဇ္ဇျိမသို့ ပြောသည်။

စာအုပ်စျေးရောင်းပွဲတော်ကို နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်နေ့အထိ ၅ ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး တစ်ရက်လျှင် အခြေခံပညာကျောင်းများမှ ကျောင်းသား (၁၀၀၀)ခန့် လာရောက်လေ့လာနိုင်ရန် စီစဉ်ထားပြီး စုစုပေါင်း ကျောင်းသား (၅၀၀၀) ကျော်အတွက် စာအုပ် (၅၀၀၀)ကျော် အခမဲ့ ပေးဝေသွားမည်ဟု သိရသည်။

 " အခုလိုလုပ်ပေးတာ အရမ်းကောင်းပါတယ်။ အခုခေတ် ကလေးတွေက စာဖတ်တဲ့ အလေ့အထ တော်တော် လေး နည်းနေတယ်။ ဒီစာအုပ်ရောင်းပွဲတော်ကို လာတဲ့ အလယ်တန်းနဲ့ မူလတန်းကလေးတွေ အားလုံး စာအုပ်တစ်အုပ်စီလက်ဆောင် ပေးဖို့လဲ စီစဉ်ထားတယ်လို့ သိရတယ်။ မနက်ဖွင့်ပွဲသွားတုန်းကလည်း ကလေးတွေ တော်တော်လာတယ်။ နေ့လယ် အဲ့ဒီရှေ့က ဖြတ်တော့လည်း တစ်ဦးခြင်း ဝယ်တယ်တဲ့သူတွေ တော်တော်များတာ တွေ့ခဲ့့ရတယ် "ဟု ကချင်ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးမှ မဇ္ဇျိမသို့ ပြောသည်။

ဖားကန့်မြို့တွင် လူငယ်များနှင့် ကလေးငယ်များအတွက် စာအုပ်စျေးရောင်းပွဲတော်ကျင်းပခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...