ကြားဖြတ်ရွေးကောက်ပွဲ NLD ၇ နေရာနိုင်၊ ၆ နေရာရှုံးနိမ့်

ကြားဖြတ်ရွေးကောက်ပွဲ NLD ၇ နေရာနိုင်၊ ၆ နေရာရှုံးနိမ့်
by -
ဇေယျာမော်

နိုဝင်ဘာလ ၃ ရက် က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာစလုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLDမှ ၇ နေရာအနိုင်ရပြီး ၆ နေရာ ရှုံးနိမ့်ခဲ့သည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါတာမျိုးညွန့်က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

"ကျွန်တော်တို့ရရှိထားတဲ့အချက်အလက်တွေအရ ၇ နေရာ အနိုင်ပါတယ်။ ၆ နေရာ ရှုံးနိမ့်ထားပါတယ်" ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။

တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒ ၈ နေရာကို အုတ်တွင်း၊ သပိတ်ကျင်း၊ မင်းဘူးမြို့နယ်  ၃ နေရာတွင် NLD မှ အနိုင်ရရှိခဲ့ပြီး တမူးနှင့် ဆိပ်ကမ်းမြို့နယ်တွင် USDP၊ မတူပီမြို့နယ်တွင် ချင်းအမျိုးသားဒီမိုကရေစီပါတီ၊ ရသေ့တောင်မြို့နယ်တွင် ဒေါက်တာအေးမောင်၏ သားဖြစ်သူ တသီးပုဂ္ဂလိကကိုယ်စားလှယ် ဦးတင်မောင်ဝင်းက အနိုင်ရရှိခဲ့သည်။

ပြည်သူ့ လွှတ်တော် ၄ နေရာတွင် ကန်ပက်လက်၊ တာမွေနှင့် မြင်းခြံမြို့နယ်ကို NLD မှ ရရှိခဲ့ပြီး လဲချားမြို့နယ်ကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD မှ အနိုင်ရရှိခဲ့သည်။

အဓိကအတိုက်အခံဖြစ်သည့် USDP ပြည်ထောင်စုကြ့ံခိုင်ဖွံ့ဖြိုးရေးပါတီက ၃ နေရာရပြီး အမျိုးသားလွှတ်တော် (၁)နေရာ မစ်ကြီးနားမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDPပါတီက အနိုင်ရခဲ့သည်။

မန္တလေးတိုင်း၏ ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်နေရာတွင် NLD မှ  ရှမ်းတိုင်းရင်းသားကိုယ်စားလှယ်က အနိုင်ရရှိခဲ့သည်။

"ကျွမ်တော်တို့ရှုံးနိမ့်ခဲ့တဲ့ ၆ နေရာမှာ ၅ နေရာက တိုင်းရင်းသားနယ်မြေတွေဖြစ်ပါတယ်။ဆိုတော့ တိုင်းရင်းသားတွေနဲ့ကျွန်တော်တို့ ပိုပြီးနားလည်မှုရှိအောင် ကြိုးစားရပါမယ်" ဟု ဒေါက်တာမျိုးညွန့်ကဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲရလဒ်များနှင့်ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြုထုတ်ပြန်ထားခြင်းမရှိသေးဘဲ ယခုရရှိထားသည့် အချက်အလက်များသည်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ရရှိထားသည့် အချက်အလက်များသာဖြစ်သည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...