ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်းဒေသတွင် အောက်တိုဘာ ၃၀ ရက် နံနက် ၅ နာရီအချိန်က မြေစာပုံ ပြိုကျမှု ဖြစ်ပွားခဲ့ပြီး အချဉ်ပေါင်းရောင်းနေသည့် အမျိုးသမီး (၂)ဦး မြေစာပုံပိကာ သေဆုံးခဲ့ကြောင်း သိရသည်။
လုံးခင်းအုပ်စု ကထန်အနီး တစ်သုံးလုံး စွန်ပစ်မြေစာပုံပြိုကျခဲ့ခြင်းကြောင်း မရီဝင်း အသက် ၃၃ နှစ် ပင်းဘော ရွေညောင်ပင်ရပ်ကွက် ပခိုးစုနှင့် မရွှေဝါ အသက် ၃၃ နှစ် တန်ဆည်မြို့နေသူတို့ သေဆုံးခဲ့ကြောင်း မြေစာပုံ ပြိုကျမှုတွင် အခြားလူသေဆုံးသူများမရှိကြောင်း သေဆုံးခဲ့သည့် အမျိုးသမီး ရုပ်အလာင်းနှစ်လောင်းကို လုံးခင်း တိုက်နယ်ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
Humanity Institute အဖွဲ့နှင့် ကချင်အမျိုးသားလူမှု ဖွံဖြိုးရေးဖောင်ဒေးရှင်း (ဖားကန့်)တို့ ပူးပေါင်းရေးသားပြုစု ထားသည့် ဘဝနှင့်ရင်းသော ကျောက်စိမ်းအမည်ရှိ အစီရင်ခံစာတွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကျောက် စိမ်းလုပ်ငန်း လုပ်ကွက်များအတွင်း ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ မြေပြိုမှုများကြောင့် လူဦးရေ ၅၀၀ နီးပါး သေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။







