ရာမောင်ကြိုးတံတားအား အဆင့်မြှင့်တင်တည်ဆောက်မည်

ရာမောင်ကြိုးတံတားအား အဆင့်မြှင့်တင်တည်ဆောက်မည်
by -
မျိုးထွန်းနိုင်
ဓာတ်ပုံ- မင်းပြားမြို့ရှိ ရာမောင်ကြိုးတံတားအား တွေ့ရစဉ်(ဓာတ်ပုံ-CJ)
ဓာတ်ပုံ- မင်းပြားမြို့ရှိ ရာမောင်ကြိုးတံတားအား တွေ့ရစဉ်(ဓာတ်ပုံ-CJ)

ရခိုင်ပြည်နယ်၊ ရန်ကုန် - စစ်တွေလမ်း (အမ်း - စစ်တွေ အပိုင်း) မိုင်တိုင်(၉၀)ရှိ ရာမောင်ကြိုးတံတားအား အဆင့်မြှင့်တင် တည်ဆောက်မည်ဖြစ်ပြီး အောက်တိုဘာ ၃ဝမှ စတင်၍ မော်တော်ယာဉ်များအားလုံး ဇက်ရေ ယာဉ်ဖြင့်သာ ဖြတ်သန်းသွားလာရမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနက အသိပေး ကြေညာထားသည်။

မြန်မာနိုင်ငံတွင် မြောင်းမြကြိုးတံတား ပြိုကျပြီးနောက်ပိုင်း ဧပြီလဆန်းပိုင်းမှ စတင်ကာ တရုတ်နိုင်ငံ(CHCA) နည်းပညာအဖွဲ့မှ လာရောက်၍ ရာမောင်ကြိုးတံတားအပါဝင် တံတား(၁၀) စင်းကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး  ရာမောင်တံတားမှာ ကြံ့ခိုင်မှုအားနည်းကြောင်း တွေ့ရှိသဖြင့် မေလအကုန်တွင် တံတားပေါ်မှ ဖြတ်သန်း နေသောကုန်တင်ယာဉ်များ၏ ခွင့်ပြုတန်ချိန်ကို လျှော့ချသတ်မှတ်ခဲ့သည်။

အဆိုပါတံတားပေါ်တွင် ၁၃ တန်နှင့်အထက် ယာဉ်များဖြတ်သန်းပါက အန္တာရာယ်ရှိနိုင်သောကြောင့် ၁၃ တန်အောက် ယာဉ်များကိုသာ ဖြတ် သန်းသွားလာခွင့် ပြုထားပြီး ၁၃ တန်အထက်ရှိသော ယာဉ်များသည် လေးမြို့မြစ်အား ဇက်ရေယာဉ်ဖြင့် ဖြတ်သန်းသွားလာနေရကြောင်း ဒေသခံများထံမှ သိရသည်။

ယခုအခါ တံတားအားအဆင့်မြှင့်တင်မည်ဖြစ်သောကြောင့် မော်တော်ယာဉ်အားလုံးကို ဇက်ရေယာဉ်ဖြင့်သာ ဖြတ်သန်းသွားလာရန် တံတားဦးစီးဌာနက အသိပေး ကြေညာထားခြင်းဖြစ်သည်။

တံတားပေါ်မှ ၁၃တန်အထက်ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့်တားမြစ်ခဲ့ချိန်တွင် ယာဉ် ၉ စီးခန့် တင်ဆောင် နိုင်သော ဇက်ကြီးတစ်စင်းနှင့် ယာဉ် ၃ စီးခန့်တင်နိုင်သော ဇက်ငယ်တစ်စင်းဖြင့်  နံနက် ၆ နာရီမှ ည ၇ နာရီအထိ ကူးပေးနေပြီး ဇက်ရေယာဉ်ဖြင့် တစ်ကြိမ်ကူးရန် ယာဉ်တစ်စီးလျှင် ငွေကျပ် ၂ သောင်းခန့် ပေးရကြောင်း ဒေသခံ ယာဉ်မောင်းများထံမှ သိရသည်။

အောက်တိုဘာလ ၃ဝရက်နေ့တွင် ကြေညာခဲ့သော ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ရာမောင် တံတားပေါ်မှ မော်တော်ယာဉ်အားလုံးအား ဖြတ်သန်းခွင့်ပေးတော့မည် မဟုတ်ကြောင်းနှင့် မော်တော်ယာဉ် များအားလုံး ဇက်ရေ ယာဉ်ဖြင့်သာ ဖြတ်သန်းသွားလာရမည် ဖြစ်ကြောင်းအသိပေးခဲ့သော်လည်း ဇက်ရေယာဉ် အခက်အခဲနှင့် ကူတို့ခ ကုန်ကျမှုများအခြေအနေကိုမူ အသိပေးထားခြင်း မရှိပေ။

ရာမောင်ကြိုးတံတားကို ၁၉၉၇ ခုနှစ် သြဂုတ်လအတွင်းက စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၉ ခုနှစ် ဒီဇင်ဘာလတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ထိုတံတား၏ အရှည်သည် ပေပေါင်း ၁၃၀၀ ကျော် ရှိကြောင်း သိရသည်။

ရာမောင်ကြိုးတံတားကို ကွန်ကရစ်တံတားအဖြစ် ပြန်လည်တည်ဆောက်ရန် စီစဉ်ထားကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောဆိုထားဖူးသည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...