စရဖတပ်ဖွဲ့ဝင်လုပ်ကြံခံရမှုကြောင့် သံသယဖြင့်ဖမ်းဆီးခံထားရသူ ရခိုင်လူငယ်၃ဦးအား ရမန်၂ ပတ်ထပ်ယူ

စရဖတပ်ဖွဲ့ဝင်လုပ်ကြံခံရမှုကြောင့် သံသယဖြင့်ဖမ်းဆီးခံထားရသူ ရခိုင်လူငယ်၃ဦးအား ရမန်၂ ပတ်ထပ်ယူ
by -
မာန်ယုကျော် (ရွှေဝမြေ)

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စရဖတပ်ဖွဲ့ဝင် ဖိုးလုံးလုပ်ကြံခံရမှု သံသယဖြင့် ဖမ်းဆီးခံထားရသူ ရခိုင်လူငယ် ၃ ဦးအား ယနေ့တွင် ရုံးထုတ်ခဲ့ပြီး နောက်ထပ် ရမန် ၂ ပတ်ယူလိုက်သည်ဟု သတင်းရရှိသည်။

သူတို့ ၃ ဦးအား ပထမအကြိမ်ရမန်ယူခဲ့ခြင်းသည် အောက်တိုဘာလ ၂၂ ရက် ယနေ့တွင် ပြည့်မြောက် သွားခဲ့ပြီဖြစ်သည့်အတွက် စစ်တွေမြို့နယ် တရားရုံးတွင် နောက်ထပ် ရမန် ၂ ပတ်ထပ်ယူခြင်း ဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့ကို ဒီနေ့ အောက်တိုဘာလ ၂၂ နေ့ကနေ နိုဝင်ဘာလ ၅ ရက်နေ့အထိ နောက်ထပ် ရမန် ၂ ပတ်ယူလိုက်ပါတယ်” ဟု ယနေ့နံနက်က စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ်အပြီးတွင် ဖမ်းဆီးခံထားရသူ ကိုအောင်ဇော်လင်းက မီဒီယာများကိုပြောသည်။

"နောက်လ ၅ ရက်နေ့အထိ ရမန် ယူတာကတော့ ထပ်စစ်ဆေးဖို့ ဖြစ်ပါတယ်။ စစ်ဆေးတာတော့ အဲဒီနေ့က သတ်ဖြတ်ခံရတဲ့ စရဖ ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ စစ်ဆေးတာပေါ့။ နောက်ထပ် စစ်ဆေးတာတော့ သိပ်မရှိဘူး"ဟု ၎င်းက ပြောသည်။

ဖမ်းဆီးခံထားရသူများမှာ ဘူးသီးတောင်မြို့မှ ကိုအောင်ဇော်လင်း၊ ပေါက်တောမြို့မှ ခိုင်ဘိုဘို (ခ) ကိုခိုင်သော်နှင့် ရသေ့တောင်မြို့နယ်မှ ကိုမေယုထွန်းတို့ ဖြစ်ကြသည်။

သူတို့ ၃ ဦးအား စစ်တွေတွင် စက်တင်ဘာလ ၂၅ ရက်နေ့ညက စရဖတပ်ဖွဲ့ဝင် ဖိုးလုံးအား သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်ပြီး သံသယရှိသည်ဟုဆိုကာ အောက်တိုဘာလ ၁ဝ ရက်နှင့် ၁၁ ရက်နေ့တို့တွင် အဖမ်းဆီးကာ စစ်တွေမြို့မရဲစခန်း၌ ချုပ်နှောင်ထားခြင်းဖြစ်သည်။

"စစ်ဆေးတာကတော့ သူတို့ ဒီအတိုင်းပဲ တရားဥပဒေအရစစ်ဆေးတာပါ။ ဖိနှိပ်တာတွေ ဘာတွေတော့ မရှိဘူး။ Pressure ပေးတာလည်း မရှိဘူး"ဟု ဖမ်းဆီးခံထားရသူတစ်ဦးဖြစ်သူ ကိုခိုင်သော်က ပြောသည်။

သေဆုံးသွားသည့် စရဖတပ်ဖွဲ့ဝင်ကို သူတို့အနေဖြင့် လုပ်ကြံခဲ့ခြင်းမဟုတ်သည့်အတွက် ယခု ဖမ်းဆီးခံရမှုမှာ နိုင်ငံရေးအရ တက်ကြွသည့်လူငယ်များကိုဖြိုခွဲခြင်းသာဖြစ်သည်ဟုလည်း ဖမ်းဆီး ခံထားရသူတစ်ဦးဖြစ်သည့် ကိုမေယုထွန်းက ပြောသည်။

January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...