တောင်ကုတ်မြို့နယ် ရွာမကို မြို့အဖြစ် တိုးမြှင့်ရန်စီစဉ်

တောင်ကုတ်မြို့နယ် ရွာမကို မြို့အဖြစ် တိုးမြှင့်ရန်စီစဉ်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်၊ ရွာမကျေးရွာအား မြို့အဖြစ် တိုးမြှင့်ရန် မြေရာဇဝင်စိစစ်ချက်နှင့် ဒေသခံပြည်သူလူထု၏ သဘောထားမှတ်ချက်ကို ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက တောင်းခံထားကြောင်း သတင်းရရှိသည်။

နိရဥ္စရာ သတင်းဌာနမှ ယနေ့နံနက်က တောင်ကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးလှမိုးဦးအား ဆက်သွယ်ရာ သူက “ ဟုတ်ပါတယ်။ မြို့အဖြစ် တိုးချဲ့ဖို့တင်ထားပါတယ်။ အခု မြေရာဇဝင် စိစစ်ချက်၊ ဒေသခံလူထုရဲ့သဘောထားတွေကို တောင်းခံလာပါပြီ။ ဒါက မြို့အဖြစ်သတ်မှတ်ဖို့ နီးစပ်လာတဲ့ အခြေအနေပါ” ဟု ပြောကြားသည်။

တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ သံတွဲခရိုင် အုပ်ချုပ်ရေးမှူး ဦးညီညီထွေးမှ ၂၀၁၈ အောက်တိုဘာ ၁၃ ရက်နေ့စွဲဖြင့် စာတစ်စောင်ရေးသား ပေးပို့လာခဲ့ကြောင်း၊ ၎င်းစာ၏ အကြောင်းအရာတွင် ရွာမအား မြို့အဖြစ် တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခွင့်ပြုပါရန် တင်ပြလာခြင်း ကိစ္စဟု ဖော်ပြထားသည်။

စာထဲတွင် “ ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊တောင်ကုတ်မြို့နယ်၊ ရွာမကျေးရွာအုပ်စုရှိ ကျေးရွာနှစ်ရွာနှင့် ကူးတို့ဆိပ်ကျေးရွာအုပ်စုတို့အား ရပ်ကွက် (၆) ရပ်ကွက်ပါဝင်သော တန်းလွဲရွာမမြို့အဖြစ် အဆင့်တိုးမြှင့် သတ်မှတ်ပေးရန်သက်ဆိုင်ရာ ဒေသ၏ တင်ပြထားမှုအပေါ် မြေရာဇဝင်စိစစ်ချက်၊ ဒေသခံပြည်သူလူထု၏ သဘောထားသတ်မှတ်ချက်၊အမှုတွဲနှင့်သက်ဆိုင်သောမြေပုံများကို တစ်မျိုးလျှင် ၃၅ ခုစီ ရေးဆွဲပြီး ပြန်လည်ပေးပို့ရန် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အကြောင်းကြား ညွှန်ကြားထားခဲ့သည်” ဟု သိရသည်။

၎င်းလိုအပ်ချက်များကို ပြုစု၍ အောက်တိုဘာ ၁၉ ရက်နေ့နောက်ဆုံးထားပြီး အမှုတွဲကိုင်စာရေးဖြင့် လာရောက် ပေးပို့တင်ပြရန် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် တောင်ကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ အောက်တိုဘာလ ၁၃ ရက်နေ့က အကြောင်းကြားခဲ့သည်ဟု သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရွာမကျေးရွာအုပ်ချုပ်ရေးမှူးက ဦးထွန်းထွန်းဝင်းက “ ကျွန်တော်တို့ ဒီရွာမနဲ့ တစ်ဆက်တည်းဖြစ်တဲ့ ရွာသစ်၊ကူးတို့ဆိပ်ကျေးရွာအုပ်စုနဲ့မော်လှမော်အုပ်စု တွေကိုပေါ့၊ တန်းလွဲရွာမ မြို့အဖြစ် အဆင့် တိုးသတ်မှတ်ပေးဖို့နဲ့ ကျန်ရှိနေတဲ့ ခမောင်းချိုင်ကျေးရွာကို ကျေးရွာအုပ်စု အဖြစ် သတ်မှတ် ပေးဖို့ကို ဒီရွာတွေကလူတွေရဲ့သဘော ဆန္ဒနဲ့ပေါ့နော်။ တောင်ကုတ်မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး ကျွန်တော်တို့က ပြည်နယ် ဝန်ကြီးချုပ်ကို ၂၀၁၆ ခုနှစ်လောက်ကပဲ တင်ထား ပါတယ်။အဲ့ဒါ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ နက အကြောင်းပြန်တာကတော့ ဒေသခံပြည်သူလူထုရဲ့ သဘောထားသတ်မှတ်ချက်ကို ယူပေးပါ လို့ပြည်နယ်က ခရိုင်ကိုညွှန်ကြားပါတယ်။ ခရိုင်ကနေမြို့နယ်ကို ညွှန်ကြားပြီး၊မြို့နယ်က ကျွန်တော် တို့ဆီကို အကြောင်းကြားလာပါတယ်” ဟု နိရဥ္စရာသို့ပြောသည်။

ရွာမတွင် အိမ်ခြေ ၁၇၀၀ ကျော်ရှိပြီး အထက်တန်းကျောင်း၊ တိုက်နယ်ဆေးရုံ၊ ရဲစခန်းတို့ ရှိပြီး လျှပ်စစ်မီးလည်း ရရှိပြီး မြို့အဖြစ် တိုးမြှင့်ရန်မှာ အခြေခံအချက်များလည်း ပြည့်စုံနေသော ကျေးရွာကြီး တစ်ရွာဖြစ်ကြောင်း ရွာမ ဒေသခံ ဦးခင်မောင်ရီက ပြောကြားသည်။

May 26, 2026
ဆောင်းဦးမာန် — ရခိုင်ပြည်၊မာန်အောင်မြို့၊ စမုံတဲ လေယာဉ်ကွင်းကို လုံခြုံရေးတိုးမြှင့်ပြီး...
May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...
Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...