Eleven သတင်းသမားများကို ဖမ်းဆီးခဲ့မှုအတွက် ရန်ကုန်တိုင်းအစိုးရဖြေရှင်း

Eleven သတင်းသမားများကို ဖမ်းဆီးခဲ့မှုအတွက် ရန်ကုန်တိုင်းအစိုးရဖြေရှင်း
by -
ဇေယျာမော်

Eleven သတင်းသမားများအား အချက်အလက်မှားယွင်းဖော်ပြမှုကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ယနေ့ အောက်တိုဘာ ၁၁ ရက်နေ့တွင် သတင်းထုတ်ပြန်ကြေညာပြီး ဖြေရှင်းခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဆောင်းပါးရှင် ဖြိုးဝေ ရေးသားခဲ့သည့် ဆောင်းပါးပါ အချက်အလက်တစ်ချို့မှားယွင်းနေခြင်းကြောင့် တရားစွဲဆိုဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်း အစိုးရက ဖြေရှင်းထားသည်။

ဆောင်းပါးရှင် ဖြိုးဝေက  “အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ” ဆောင်းပါးကို  ရေးသားခဲ့ပြီး ယင်းဆောင်းပါးတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ ပြောဆိုချက်များ ၊ ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ အစီရင်ခံစာပါ အချက်အလက်များကို ကိုးကားဖော်ပြထားသည်။

ဆောင်းပါး၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဖွဲ့စည်းထားသည့် Yangon Metropolitan အများပိုင် ကုမ္ပဏီ၏ ရှယ်ယာများကို ဦးမြင့်သောင်းဆိုသည့် နာမည်အောက်တွင် ပြည်သူ့ရှယ်ယာများထားနေခြင်းသည် လုပ်ထုံးလုပ်နည်း လွဲမှားမှုဖြစ်နေသည်ဟု ရေးသားထားသည်။

 “တိုင်းဒေသကြီးအစိုးရအဖွဲ့စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ကိုယ်စားပြုအဖြစ် ကုမ္ပဏီတွင်ပါဝင်ခြင်းဖြစ်ပြီး ဆောင်းပါးရှင်း ရေးသားဖော်ပြထားသကဲ့သို့ ပြည်သူ့ငွေတွေ သုံးထားပြီး ကုမ္ပဏီက လူနာမည်ပေါက် ရှယ်ယာဝင်ထားခြင်းမဟုတ်သကဲ့သို့ ဦးမြင့်သောင်းဆိုသော နာမည် အောက်တွင် ပြည်သူ့ဘဏ္ဍာရှယ်ယာများကို ထည့်ဝင်းထားခြင်းမဟုတ်ကြောင်း” တိုင်းအစိုးရ၏ ဖြေရှင်းမှုတွင် ဖော်ပြထားသည်။

Eleven မီဒီယာက ယင်းသို့ဖော်ပြခဲ့ခြင်းကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ပြည်သူအများက အကြည်ညို ပျက်ပြီး အယုံအကြည်မဲ့ကာ အများပြည်သူက အစိုးရကို ပြစ်မှုကျူးလွန်လာအောင် ပြုလုပ်ခြင်းဖြစ်သောကြောင့် ရာဇသတ်ကြီး ပုဒ်မ- ၅၀၅(ခ)ဖြင့် တာမွေမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်း အစိုးရက ဖြေရှင်းထားသည်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...