ပဋိပက္ခကြောင့် ကချင်နှင့်ရှမ်းတွင် ဒုက္ခသည် တစ်သိန်းကျော် ရှိနေ

ပဋိပက္ခကြောင့် ကချင်နှင့်ရှမ်းတွင် ဒုက္ခသည် တစ်သိန်းကျော် ရှိနေ
by -
ဇေယျာမော်

လက်နက်ကိုင်ပဋိပက္ခများကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရပ်စွန့်ခွာ ရှောင်တိမ်းနေရသူ ပေါင်း တစ်သိန်းကျော် ရှိနေသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးက ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

၂၀၁၁ ခုနှစ်တွင် ပြန်လည်ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ၇ နှစ်တာကာလအတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့၌ ဒုက္ခသည်ဦးရေ တစ်သိန်းခန့် တိုးပွားလာခြင်းဖြစ်သည်။ အဆိုပါ လက်နက်ကိုင် ပဋိပက္ခများ၏ ဒဏ်ကို အရပ်သားများ ပြင်းထန်စွာ ခံစားနေရခြင်းဖြစ်သည်။

 ကချင်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိခိုက်ခံစားနေရသည့် ကျေးရွာသားများအား အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီက ကူညီထောက်ပ့ံမှုများ ပြုလုပ်နေပြီး လူ ၄၀၀၀ ကျော်အတွက် ဆန်နှင့် စွမ်းအားဖြည့် အဟာရမှုန့်များ ပေးဝေခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီက အောက်တိုဘာ ၇ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အစိုးရတပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများသည် ၂၀၁၁ ခုနှစ်တွင် ပြန်လည်ဖြစ်ပွားလာခဲ့ပြီးနောက် လက်ရှိအချိန်အထိ အပစ်အခတ်တိုက်ခိုက်မှုများ ရှိနေဆဲဖြစ်သည်။ ယင်းအပြင် ရှမ်းပြည်နယ်အတွင်း၌လည်း TNLA ၊ SSPP ၊ RCSS စသည့်တပ်ဖွဲ့များနှင့် တပ်မတော်ကြား ပစ်ခတ်တိုက်ခိုက်မှုများလည်း ရှိနေသည်။

ငြိမ်းချမ်းမှု၊ လုံခြုံမှုဆိုင်ရာကိစ္စရပ်များ မရှိုခြင်း ၊ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးသွားလာခွင့်များ ကန့်သတ်ခံရမှုများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်သူများသည် လူသားချင်းစာနာမှုဆိုင်ရာ ကာကွယ် စောင့်ရှောက်မှုများ အကူအညီများ ရရှိရန် အခက်အခဲများရှိနေသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာညှိနှိုင်းရေးရုံးက ဆိုသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...