ရခိုင်ပြည်နယ်တွင် ၉ လအတွင်း မှုခင်းပေါင်း ၂ ထောင်ကျော် ဖြစ်ပွားခဲ့

ရခိုင်ပြည်နယ်တွင် ၉ လအတွင်း မှုခင်းပေါင်း ၂ ထောင်ကျော် ဖြစ်ပွားခဲ့
by -
နောင်နောင်
ကမ်းနားလမ်းတွင် လုံခြုံရေးယူနေသော ရဲတပ်ဖွဲ့ဝင်များကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်(ဓာတ်ပုံ-နောင်နောင်)
ကမ်းနားလမ်းတွင် လုံခြုံရေးယူနေသော ရဲတပ်ဖွဲ့ဝင်များကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်(ဓာတ်ပုံ-နောင်နောင်)

ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ (၃၀) ရက်နေ့အထိ ကိုးလတာ ကာလအတွင်း မှုခင်းပေါင်း ၂ ထောင်ကျော် ဖြစ်ပွားခဲ့ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့၏ တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ရခိုင်ပြည်နယ်တွင် မှုခင်းပေါင်း ၄၈၃၁ မှုဖြစ်ပွားခဲ့သော်လည်း ယခုနှစ်တွင် ၂၁၅၉ မှုသာ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ထို့ကြောင့် ယခင်နှစ်ထက် ယခုနှစ်တွင် မှုခင်းပေါင်း နှစ်ထောင်ကျော်ခန့် ကျဆင်းလာခဲ့သည်။

အဆိုပါ ဖြစ်ပွားခဲ့သည့် မှုခင်းအမျိုးအစား ၈၀ ရာခိုင်နှုန်းလောက်မှာ အရက်သေစာ သောက်စားမှုကြောင့် ဖြစ်ပွားခဲ့သည့် မှုခင်းမျိုးက ပိုများနေသည်ဟု ရခိုင်ပြည်နယ် ရဲမှူးကြီး ကြည်လင်းက ပြောသည်။

“ရခိုင်မှာ ၈၀ ရာခိုင်နှုန်းလောက်က အရက်ကြောင့်ဖြစ်တဲ့ မှုခင်းတွေများတယ်။ အရက်ကြောင့် ဒေါသထွက်ပြီး တစ်ယောက်နဲ့ တစ်ယောက် စကားများရာကနေ သတ်ကြတဲ့အမှုတွေ၊ သိက္ခာကျစေတဲ့အမှုတွေ၊ ဒါတွေက ပိုများနေပါတယ်။”ဟု (၅၄)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့တွင်  ပြည်နယ်ရဲမှူးကြီး ကြည်လင်းက ပြောသည်။

မှုခင်းဖြစ်ပွားမှုများတွင် စစ်တွေခရိုင်၌ ၄၈၃ မှု၊ မြောက်ဦးခရိုင်တွင် ၃၄၆ မှု၊ ကျောက်ဖြူခရိုင်တွင် ၃၈၅ မှု၊ သံတွဲခရိုင်တွင် ၈၃၅ မှုနှင့် မောင်တောခရိုင်တွင် ၁၁ဝမှုအထိ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မူးယစ်ဆေးဝါး အမှုပေါင်း ၁၅၅ မှုပါဝင်ကြောင်းလည်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် တရားဥပဒေစိုးမိုးရေး၊ မှုခင်းဖော်ထုတ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီး နှိမ်နှင်းရေး လုပ်ဆောင်ရာတွင် ပြည်သူများအနေဖြင့်လည်း ထဲထဲဝင်ဝင် သတင်းပေးခြင်းနှင့်အတူ ပူးပေါင်း ပါဝင်နိုင်မှသာ ထိထိရောက်ရောက်နှင့် မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြည်နယ်ရဲမှူးကြီး ကြည်လင်းက ပြောကြားခဲ့သည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...