ကျောက်ဖြူ ရေနံပိုက်လိုင်း ပေါက်ကွဲကြောင်း သတင်းမှားဖြန့်ဝေသူကို အမှုဖွင့်

ကျောက်ဖြူ ရေနံပိုက်လိုင်း ပေါက်ကွဲကြောင်း သတင်းမှားဖြန့်ဝေသူကို အမှုဖွင့်
by -
နောင်နောင်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ရေနံပိုက်လိုင်း ပေါက်ကွဲသွားကြောင်း လူမှု ကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်မမှန်မကန် သတင်းဖြန့်ဝေခဲ့သည့် “ဇေယျကျော်”အကောင့်ပိုင်ရှင်ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၈(က)ဖြင့် အမှုဖွင့်ထားကြောင်း တောင်ကုတ်မြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ တစ်ဦးကအတည်ပြု ပြောသည်။

ထိုသတင်းမှား ဖြန့်ဝေခဲ့သည့် ဇေယျကျော် ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်ကို ဖော်ထုတ်အရေးယူပေးရန် ပြည်နယ် အစိုးရအဖွဲ့၏ ညွန်ကြားချက်ဖြင့် တောင်ကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ် ချုပ်ရေး မှူး ဦးထင်ဇော်ဦးက တရားလိုပြုလုပ်ပြီး စက်တင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းက လာရောက် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

“ဇေယျကျော် အကောင့်ပိုင်ရှင်ကို အမှုဖွင့်ထားတာက မှန်ပါတယ်။ သူက ပြည်သူတွေအထိတ်တလန့် ဖြစ်အောင် မမှန်သတင်းကို ဖေ့စ်ဘွတ်ပေါ်မှာ ဖြန့်ချိတာပေါ့။ ပို့လွှင့်တာပေါ့။ ဒါကြောင့် ဆက်သွယ်ရေးပုဒ်မနဲ့ အမှုဖွင့်လိုက်တာပါ။”ဟု တောင်ကုတ်မြို့မရဲစခန်းမှ (အမည်မဖော်လိုသော) ရဲအရာရှိတစ်ဦးက ပြောသည်။

လက်ရှိမှာ ထိုအကောင့်ပိုင်ရှင် မည်သူမည်ဝါဖြစ်သည်ကို သိရှိရန် စုံစမ်းနေဆဲ ဖြစ်ကြောင်းလည်း အဆိုပါ ရဲအရာရှိက ပြောသည်။

အဆိုပါအကောင့်တွင် ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေ့ ညနေ ၃ နာရီ မိနစ် ၄၀ ခန့်လောက်က ကျောက်ဖြူ Gas ပိုက်လိုင်းရေထဲ၌ ပေါက်ကွဲမှုဖြစ်ပေါ်ကြောင်း လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်တွင် ရေးသား ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က “ကျွန်တော်လည်း ဒီကိစ္စကို အရမ်းထဲထဲ ဝင်ဝင် မသိပါ။ ကျွန်တော် အခုရန်ကုန်ရောက်နေတယ်။ သူတို့မှာ အရင်တုန်းက ဘာတွေရှိခဲ့လဲ။ ကျွန်တော် မသိဘူး။”ဟု ၎င်းက ပြောသည်။

ယင်းအပြင် ရခိုင်ပြည်နယ် ပညာရေးကို ဝေဖန်ရေးသားခဲ့သည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦး ကိုလည်း ပြည်နယ်အစိုးရအဖွဲ့က ၆၆(ဃ)ဖြင့် ပြီးခဲ့သည့် ဇွန်လအတွင်းက အမှုဖွင့် အရေးယူခဲ့သေးသည်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၈(က)သည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ်(၂) နှစ်အထိကျခံနိုင်ပြီး ငွေဒဏ်ပါ ချမှတ်၍ ရကြောင်း ထို့အပြင် ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်စလုံးကိုလည်း ချမှတ်နိုင်ကြောင်း သိရသည်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...